- 6 -

386 62 10
                                    

[Unicode]

အပိုင်း (၆)

- ဒီနာမည်က နားဝင်ပီယံပါရဲ့လား -

စာရေးသူ(မုန့်ရှီးရှီ)တွင် ပြောစရာရှိပါသည်။

- ဒီထဲက အကြောင်းအရာအားလုံးက အမှုနဲ့သက်ဆိုင်ပါတယ်။ ချွေ့ပုချွီကိုက နှစ်ကိုယ်ခွဲပစ်လို့မရဘူး။ ဒီအပိုင်းမှာတော့ ဖုန့်အာ့ကို အလေးပေးချင်ယောင်ဆောင်လိုက်မယ်။ ရှောင်ချွေ့က ခဏစောင့်ဦး -

(၆)

လင်းလန်အဖွဲ့အစည်း၏ အဖွဲ့ခွဲများသည် တောင်ဘက်ပိုင်းဆီမှ မြောက်ဘက်ပိုင်းတောက်လျှောက် ဖြန့်ကျက်လျက်ရှိ၏။ နှစ်စဉ်ကျင်းပသည့် လေလံပွဲသည်လည်း အရေးပါအရာရောက်လှပေသည်။ လင်းလန်၏နှစ်စဉ်လေလံပွဲ ကျင်းပသည့်နေရာသည်ကား တစ်နှစ်တစ်ခါပြောင်းလဲတတ်သည်။ တစ်ခါတစ်ရံ ကျန်းနန်၌ ... တစ်ခါတစ်ရံ ဟိုင်းပေ၌ ... ယခုတစ်ခေါက်မှာတော့ လျို့ကုန်းမြို့၌ ကျင်းပကြလေသည်။ ချမ်းသာကြွယ်ဝသူများမှအစ သာမန်လူသားများအပါအဝင် သွားလာလှည့်လည်နေသူအားလုံး ဝင်ရောက်ဆင်နွှဲကြ၏။

တခြားသူများက ဂဃနဏနားလည်နိုင်ကြမည်မဟုတ်။ သူတို့ နားလည်ထားသည်က ထိုလေလံပွဲတွင် ရှားပါးတန်ဖိုးကြီးပစ္စည်းများ ထုတ်ပြရောင်းချလိမ့်မည်ဟူ၍သာ သိကြသည်။ တကယ်တမ်းကျ တန်ဖိုးကြီးရတနာများစွာရောင်းချတတ်သည်မှာ မှန်သော်လည်း ဈေးထဲတွင် ရှာဖွေရခက်သော ဆေးဝါးများ၊ ကာလကြာမြင့်ပြီဖြစ်သော သမိုင်းဝင်လက်ရေးစာမူများ အနည်းနှင့်အများ ပါလာတတ်သည်။ အနောက်တိုင်းမှ ဝင်ရောက်လာသည် ကျောက်မျက်ရတနာများကို စုဆောင်းရန် ဝါသနာမပါသူများအဖို့တော့ ထိုလေလံပွဲက ပွဲဈေးခင်းကြီးတစ်ခုနှင့် ထူးမခြားနားလှ၍ လူတိုင်းကို လက်ခံကြိုဆိုကြသည်။

ထို့အပြင် လင်းလန်အဖွဲ့အစည်း၌ အာဏာဥစ္စာကြွယ်ဝသော ကျောထောက်နောက်ခံရှိသည်။ မိသားစုစီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သော်ငြား မည်သည့်သိုင်းလောကအဖွဲ့အစည်းကမှ မထီမဲ့မြင် မလုပ်ဝံ့ပေ။ အနှောင့်အယှက်အသေးအမွှားလေးများ မကြာခဏဖြစ်ပေါ်လာတတ်သော်လည်း ကြီးကြီးမားမားပြဿနာဟူ၍မရှိခဲ့ဖူးချေ။ နှစ်စဉ်နှစ်တိုင်း လေလံပွဲကို ချောချောမွေ့မွေ့ကျင်းပနိုင်ခဲ့သည်။

「ဝူရွှမ်း」တုနှိုင်းမဲ့  Kde žijí příběhy. Začni objevovat