(၈၃) ဖန်တီးသူ အစစ်အမှန်

Start from the beginning
                                    

ရှကျီက သူ၏ ယောကျ်ားဆန်လွန်းသော ရင်ဖက်ကို ပုတ်ကာ ပြောလိုက်သည်။ သူ့နောက်တီးနောက်တော်မူဟန်ကို ကြည့်ပြီး ရှင်းဟယ် မရယ်နိုင်ပဲ မနေနိုင်ခဲ့ပေ။

တီမြို့တော်သည် စည်ကားသော နိုင်ငံတကာမြို့တော်ကြီး ဖြစသ်ည။

ရှေးအကျဆုံး လှေဆိပ်သည် မြို့၏ မြောက်ဖက်အပိုင်းတွင် ရှိကာ ထိုဒေသသည် တံငါရွာတစ်ရွာ ဖြစ်သည်။

ရွာတွင် အမျိုးသားများနှင့် အမျိုးသမီးများပါ တံငါအလုပ်ကို လုပ်ကိုင်ကြသည်။ သူတို့၏ အဓိက ဝင်ငွေမှာ ငါးဖမ်းခြင်းလုပ်ငန်းဖြစ်ပြီး ၎င်းလုပ်ငန်းသည် ဦးနှောက်ထက် ကာယနှင့် အလုပ်လုပ်ရသည် ဖြစ်ပြီး ရရှိသည့် ဝင်ငွေမှာလည်း နည်းပါးလွန်းသည်။

ချွေ့မင်ကို တိုက်ခိုက်ရန်အတွက် ကူညီနိုင်မည်သူ့ကို ဤနေရာတွင် ရှာရန် သူ့အစ်မ လာတာကို သူ ထူးဆန်းနေမိသည်။

ရှင်းဟယ်က ရှင်းပြသည်မှာ

"ချွေ့မင် ဒီအင်တာနက် စီးပွားရေး လောကထဲကို ဘယ်လိုရောက်လာသလဲ ဆိုတာ ကြားမိလား"

ချွေ့မင်သည် နည်းပညာနှင့် မသက်ဆိုင်သည့် စီးပွားရေးဘက်ကို ကိုင်တွယ်နိုင်သော်လည်း သူ့ကုမ္ပဏီ၏ လုပ်ငန်းများကို လက်တွေ့ဖြေရှင်းရာတွင်ဘာမှမလုပ်နိုင်တော့ပုံရသည်။

နောက်ထပ် ပြောရလျှင် ချွေ့ကော်ပရေးရှင်းသည် ယခင်က အင်တာနက်နှင့် ပတ်သတ်သည့် စီးပွားရေး တစ်ခုမှ မလုပ်ဖူးပေ။ သူ ယခင်က မရင်းနှီးသော နယ်ပယ်သို့ ဝင်ရောက်မည်ဆိုသည်အချက်က ထူးဆန်းသည်ဟု ထင်ပုံရသည်။

ဤကိစ္စနှင့် ပတ်သတ်၍ ရှကျီက သူကိုယ်တိုင် သုသေသန ပြုမှုအချို့ ပြုလုပ်ခဲ့သည်။

သူက ချက်ချင်းဆိုသလို ပြန်ပြောလိုက်သည်။

"ငါကောလာဟလ အချို့ကို ကြားတယ်။ ကင်းကောင် အင်တာနက် လုံခြုံရေးက သူ့သူငယ်ချင်း ဖန်တီးထားတာ။ သူ့ဟာ မဟုတ်ဘူးလို ဒီဂျစ်တယ် စပျစ်နွယ်က ပြောတယ်။ အစ်မ ချွေ့မင်အကြောင်း ကောင်းကောင်း သိတာပဲ။ အဲဒါကြောင့် သူတို့ပြောကြတာက သူက သူ့သူငယ်ချင်း နောက်ကျောကို ဓားနဲ့ထိုးပြီး ဆော့ဖ်ဝဲလ်ကို သူ့ကိုယ်ပိုင်အဖြစ် တောင်းဆိုလိုက်တယ်။ ဒါပေမဲ့ အဲဒါတွေ အားလုံးက တစ်ဆင့်စကားတွေပဲ"

ဝေးလွင့်ပြီးသော အတိတ်Where stories live. Discover now