"သူ့တို့အဆင်ပြေလား "

"ပြေတယ် လာမေးပေးလို့ကျေးဇူးပဲ "

"ဘုရားရေ နောက်ထပ်ကျေးဇူးတင်စကားကြားရပြန်ပြီ "

"ဘာလဲ ဒီစကားက ကြားရခဲလို့လား "

"ဟုတ်တယ် မင်္ဂလာပွဲပြီးကတည်းက ဒီစကားမကြားရတော့တာ "

"အဟွန်း "

"ရာရာရော "

"ဖျားနေတယ် အခုထိမနိုးလာသေးဘူး "

"ဟုတ်လား မနေ့ညကကိစ္စကြောင့်လား "

"အင်း လန့်သွားတယ်ထင်တယ် "

"ဘယ်မိန်းကလေးက ရူးမိုက်ပြီး သေနတ်နဲ့ပစ်ဖို့ထိလုပ်ရတာလဲ "

"မသိဘူး အတော်ရူးနေပုံရတယ် "

"ဘယ်သူလဲ လုပ်ကြံသူက "

"သစ္စာရှင် ဒီနာမည်ကြားဖူးလား "

"သစ္စာရှင် ဟင့်အင်း ပထမဆုံးကြားဖူးတာပဲ"

ရင်းနှီးသလိုခံစားရပေမဲ့ နာမည်ကစိမ်းနေသည်။ ဘယ်လောက်ပဲစဉ်းစားစဉ်းစားဒီအဖြေပဲထွက်လာသည်။

"အင်းလေ သူက ဓာတ်ပုံပညာရှင်ပဲ မင်းကဘယ်သိမှာလဲ "

"အခုသိသွားပြီလေ "

သူ့ကပြုံးရုံသာပြုံးသည်။ မဟူ သူ့ရဲ့ပုံစံကိုကြည့်ပြီး စိတ်မကောင်းမိ။ အတော်ခံစားနေရမှာပဲ။

"မဟူ တစ်နေကုန် ဒီမှာနေမှာ
မှိုင်းနဲ့နေ့ကိုမတွေ့တာကြာတော့ တွေ့ချင်တယ် "

"ဒါဆို ရာရာကိုရော အကူအညီတောင်းပါတယ်"

"ရပါတယ် မဟူတို့က ရင်းနှီးတဲ့သူတွေပဲ သူ့က ရာရာကို အပ်နေတာ ဘယ်သွားမလို့လဲ "

"ဂျပန် "

"ဪ ဒါဆို ဟန်ပန်ကိုရော သတိရတယ်ပြောလိုက်ပါ သူ့လည်းသွားတွေ့လိုက်ဦး "

"ကောင်းပြီ "

မဟူက ပြောနေရင်းမှ မှိုင်းနဲ့နေ့ကိုမြင်လိုက်၍ ပြေးသွားသည်။ မဟူရာကတော့ အခုထိ အပျိုကြီးပါပဲ။ ရည်းစားထားပေမဲ့ ယောက်ျားယူဖို့အစီအစဉ်မရှိဘူးဟုကြိမ်းဝါးထားသူဖြစ်သည်။

~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~

"အစ်ကို အစစအရာရာဂရုစိုက်ပါ စစ်ကူလိုအပ်ရင် ခေါ်လိုက်ပါ ချက်ချင်းလိုက်လာခဲ့မယ်"

ဦးဖန်တီးသောအချစ်သင်္ကေတ/ဦးဖန်တီးသောအချစ်သ‌င်္ကေတ (Season 2)[Completed]Where stories live. Discover now