ရေခဲသေတ္တာထဲက ရေဘူးကိုယူခါ ရေသောက်လိုက်သည်။ ပြီးနောက် ထိုင်ခုံတစ်ခုမှာထိုက်လိုက်သည်။

သစ္စာရှင်က ဘယ်သူလဲ။ သူနဲ့ပတ်သတ်ခဲ့ဖူးသည့်မိန်းကလေးတော့မဖြစ်နိုင်။ သူနဲ့ပတ်သတ်ဖူးရင် သူမှတ်မိနေရမှာပေါ့။ ဘာလို့မမှတ်မိရတာလဲ။

ဆောင်းနဲ့ပတ်သတ်သူဆိုရင် သေချာပေါက် ဂျပန်မှာ သစ္စာရှင်နာမည်ရှိနေရမှာ။ ဘာလို့ဘာမှမရှိတာလဲ။

သူ့စဉ်းစားရင်းနဲ့စိတ်တိုလာသည်။ မျက်နှာကို အကြောင်းမဲ့ပွတ်သပ်ပြစ်လိုက်ရင်း မျက်ရည်တွေပါကျလာသည်။ သူချစ်တဲ့သူတွေကိုကာကွယ်ဖို့ သူဘယ်လိုလုပ်မှရမှာလဲ??

"အစ်ကို "

အနောက်ဘက်ကနေ ခြင်းအသံကြားလိုက်၍ သူ့မျက်ရည်တွေကို သုတ်ပြစ်လိုက်သည်။

"ဘာလဲ အစောကြီးနိုးနေတာလား "

"အိပ်မရဘူး အိပ်ယာပြောင်းတာရော ညကအဖြစ်အပျက်ကြောင့်ရော အစ်ကိုနဲ့ရာရာကို စိုးရိမ်လို့ "

"ငါကအဆင်ပြေပါတယ် ရာရာကတော့ လန့်ပြီးဖျားသွားတယ်ထင်တယ် သေနတ်ကိုမြင်လိုက်ရတော့ အများကြီးလန့်သွားတာ "

"အစ်ကို အခုဘာဆက်လုပ်မလဲ "

"ရှာရမှာပေါ့ မနက်ဖြန် ဂျပန်ကိုသွားမယ် ဆောင်းရဲ့ပထွေးကိုတွေ့ပြီး အဖြေရှာရမှာပေါ့ ဒီကိစ္စကို မြန်မြန်အဆုံးသတ်ရမယ်"

"ကျွန်တော်လည်း လိုက်မယ် "

"ဟင့်အင်း မင်းက ရာရာအနားမှာနေပေးပြီး ဂရုစိုက်ပေးပါ "

"ဒါပေမဲ့ ဆောင်းရဲ့ပထွေးက "

"ငါကိုင်တွယ်နိုင်ပါတယ် "

သူတို့နှစ်ယောက်ကြား အတွေးကိုယ်စီနဲ့တိတ်ဆိတ်သွားရသည်။

တစ်နေ့ ကံတရားက သူတို့ဘက်ကို မျက်နှာသာပေးမှာပါ။

~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~

«မနက်လင်းသော်»

မဟူရာတစ်ယောက် မနက်စောစော သတင်းကြည့်ရင်း သူ့တို့အိမ်မှာ ဖြစ်ခဲ့သည့်အမှုအကြောင်း တွေ့သွားပြီး အိမ်ရောက်လာပါသည်။

ဦးဖန်တီးသောအချစ်သင်္ကေတ/ဦးဖန်တီးသောအချစ်သ‌င်္ကေတ (Season 2)[Completed]Where stories live. Discover now