ကျန်းယွမ်ပိုင်က ဤသည်မှာ ယိုရှို့က ဒီတိုင်းမးလိုက်တယ်လို့ပဲတွေးလိုက်ပေမဲ့ ကျန်းယိုရှို့ထွက်သွားတဲ့အထိ အဲ့နေရာမှာရပ်နေလိုက်သည်။ သူအကျင့်ပါနေကျအတိုင်း ဖုန်းကိုထုတ်ကာ အချိန်ကြည့်ဖို့လုပ်လိုက်တော့ ရှီထဲ့ဖန်မှ သူ့အားပို့ထားတဲ့စာနှစ်စောင်ကို တွေ့လိုက်သည်။

ရှီထဲ့ဖန် : မင်းဘာလို့ခုထိထွက်မလာသေးတာလဲ

ရှီထဲ့ဖန် : ?

“?”

ကြည့်ရတာ ရှီပုဖန်က ကျန်းယွမ်ပိုင်ပြန်ဖြေတာကိုစောင့်ဖို့ စိတ်မရှည်တော့လို့ထင်သည်၊ ကျန်းယွမ်ပိုင် စာပြန်ဖို့ မနှိပ်နိုင်သေးခင်မှာဘဲ ရှီပုဖန်က ဖုန်းခေါ်လာ၏
“မင်းဒီနေ့အိပ်ရာထနောက်ကျလို့လား”

“ မဟုတ်ဘူး” ကျန်းယွမ်ပိုင် အဲ့တော့မှတစ်ခုခုကို သတိရသွားပြီး ဆိုလိုက်သည်
“ မင်းငါ့ကိုကြိုဖို့အတွက် ငါ့အိမ်ကို ရောက်နေပြန်တာလား”

“ မင်းဘယ်လိုထင်လဲ”
ရှီပုဖန်က မနက်စာကို သယ်ထားပြီး လမ်းပလက်ဖောင်းပေါ်မှာရပ်နေကာ တိုက်ခတ်လာတဲ့လေအေးတွေကြောင့် စိတ်အခြေအနေဆိုးရွားနေလျက်
“ မင်းဘယ်မှာလဲ”

“ ဒီနေ့ ငါ့ညီလေးက စောစောနိုးတာနဲ့ သူငါ့ကိုလိုက်ပို့ပေးတာ။ ငါ့ကိုလာမကြိုပါနဲ့လို့ မင်းကို ငါမပြောခဲ့ဘူးလား” နောက်ဆုံးနေရာလေးကို ပြောလိုက်တဲ့အချိန်မှာ သူ့လေသံက အင်မတန်ကို နူးညံ့နေလေသည်။

အရင်တုန်းက သူဘတ်စ်ကားစီးဖို့အတွက် ဆန့်ကျင်ဘက်အရပ်ကို လမ်းလျှောက်သွားဖို့လိုလေသည်။ သို့သော်ငြား ဒီနေ့မှာတော့ သူကျောင်းကို စက်ဘီးနဲ့လာဖြစ်သွားတာမို့လို့ သူတို့ ဘတ်စ်ကားဂိတ်ဘက် သွားစရာမလိုပေ။ သူတို့ ရှီပုဖန်ကို အဲ့နေရာမှာစောင့်နေစေရတဲ့အတွက် အပြစ်ရှိသလို ခံစားနေရသည်။ တစ်ဖက်ကပြန်ပြောတာကို သူကြားလိုက်တဲ့အခါမှာတော့ ရှီပုဖန်က စိတ်ဆိုးနေမှန်း သူသိလိုက်သည်။
“ ဒီကိုလာခဲ့ ကိုယ်မင်းအတွက်မနက်စာဝယ်ထားတယ်”

“ ဒီကိုလာပြီး ကိုယ့်ကိုလာကြို”

“…” ကျန်းယွမ်ပိုင် ဖုန်းမှ အချိန်ကို တစ်ချက်ကြည့်လိုက်ပြီး သူ၏ဒေါသူပုန်ထမှုကြောင့် ရှော့ခ်ရသွားရသည်
“ တကယ်လို့ငါအဲ့ကိုလာရင် ငါ ကျိန်းသေပေါက် နောက်ကျသွားလိမ့်မယ်”

အတိတ်မေ့နေသောကျောင်းလူဆိုးလေးနှင့်ဟန်ဆောင်တွဲခြင်း[မြန်မာဘာသာပြန်](Completed) Where stories live. Discover now