Unicode
ကျန်းယွမ်ပိုင်ငယ်ရွယ်စဉ်အခါတုန်းက စားစရာနဲ့ပိုက်ဆံအတွက် တောင်းပန်တဲ့လူတွေကိုတွေ့ဖူးသော်ငြား အရိုက်ခံရဖို့ တောင်းပန်တာကိုတော့ တစ်ခါမှမမြင်ဖူးပေ။ ဒီနေ့မှာ ကျန်းယွမ်ပိုင်၏ကမ္ဘာကြီးအပေါ်အမြင်တွေက လုံးဝပြောင်းပြန်လှန်သွားပြီး သူဘာလုပ်ရမယ်မှန်း မသိတော့ချေ။
လူငယ်လေးက အမှန်တကယ်ကို တောင်းပန်လို့နေပြီး ချုံးကျင့်နဲ့မင်မိုင့်က သူ့အား မြေပြင်ပေါ်ဖိထားကြသည်။ ထိုကောင်လေးက နောက်တစ်ခဏမှာပဲ ကျန်းယွမ်ပိုင်အတွက် ဦးညွတ်တော့မတတ်ပင်။
ရှီပုဖန်၏မျက်နှာက မည်းမှောင်နေပြီး အဲ့ကောင်လေး ဘာတွေးနေလဲဆိုတာကို သိသိသာသာကိုမြင်နေရသည်။ ကျန်းယွမ်ပိုင်က အရှက်ကြီးပြီးနူးညံ့သိမ်မွေ့တာကြောင့် တကယ်လို့ ကျန်းယွမ်ပိုင်က အဲ့ကောင်လေးကိုထိုးခဲ့မယ်ဆိုရင်တောင် သူထိုးတာလောက်နာမှာမဟုတ်ပေ။ သူတစ်ဖက်လူရဲ့ "ကျန်းကော"နှင့် "ချုံးမင်ကော"ဆိုတဲ့ ရင်းရင်းနှီးနှီးပြောတာတွေကို ကြားတဲ့အချိန်မှာ အဲ့ကောင်လေးအား ကန်ထုတ်ပစ်ချင်စိတ်ကို မထိန်းနိုင်လုနီးပါးပင်။
သို့ပေတည်း သူ့အတွက် အဲ့ကောင်လေးကို ရိုက်ဖို့က ဦးစားပေးကိစ္စမဟုတ်ပေ။ အဲ့ခွေးကောင်တွေက ရှန်းစန်းကဖြစ်စေ ရှန်းရှီကဖြစ်စေ ကိစ္စမရှိ၊ သူ့ကိုအနိုင်ကျင့်တဲ့လူတွေကို ပြန်ပြီးအနိုင်ကျင့်လို့ရတယ်ဆိုတာအား ကျန်းယွမ်ပိုင်ကို သိစေချင်တာဖြစ်သည်။
ကောင်လေးက ငိုချတော့မဲ့အချိန်မှာ နောက်ဆုံးတော့ ကျန်းယွမ်ပိုင်က ပြေးသွားလိုက်ပြီး ကောင်လေးရဲ့ပခုံးကိုရိုက်၍ ရှီပုဖန်နောက်ကို ပြန်ပြေးလာရင်း အသံတိုးတိုးလေးဖြင့်
" ငါသူ့ကိုရိုက်လိုက်ပြီ "ကောင်လေးက မျက်ရည်ဝဲသွားပြီး ရှီပုဖန်ကို စိတ်လှုပ်ရှားစွာကြည့်ကာ အဖြေကို တိတ်တဆိတ်စောင့်နေလေသည်။
"ရပြီ" ရှီပုဖန်က နောက်ဆုံးတော့ စကားပြောလာပြီး ကောင်လေးကလည်း စိတ်သက်သာရာရစွာသက်ပြင်းချခါနီးမှာ ကျန်းယွမ်ပိုင်က ရုတ်တရက်ပြောလာသည်
" ခဏ..ခဏနေပါအုံး"
STAI LEGGENDO
အတိတ်မေ့နေသောကျောင်းလူဆိုးလေးနှင့်ဟန်ဆောင်တွဲခြင်း[မြန်မာဘာသာပြန်](Completed)
Storie d'amoreThis is just Translation. ✨All credits to original author and english translator. Start date-12.1.2021 End date_ 27.9.2021 Status in COO - 66 Chapters+2Extras (Completed) Currently Editing ~ Readable in both Zawgyi and Unicode.