//Description//

39.3K 2K 53
                                    

Title- Fake dating the amnesiac school prince

Author: Qiao Bi (乔陛)
English
Translator:Ri(chrysanthemumgarden.com)

Myanmar Translator: Cora🐨

Unicode

ကျောင်းသားကောင်းလေး ကျန်းယွမ်ပိုင်ဟာ မတော်တဆမှုတစ်ခုပြီးနောက်တွင် ကျောင်းလူဆိုးလေး ရှီပုဖန်အား အမှတ်တမဲ့ ဒဏ်ရာရသွားစေခဲ့သည်။ နေရာတိုင်းတွင် သွေးများဖိတ်စင်ဖုံးလွှမ်းလျက်ပင်။

လူနာတင်ယာဉ်က ရှီပုဖန်ကို ဆေးရုံဆီခေါ်သွားပြီးနောက်မှာ ကျန်းယွမ်ပိုင်ဟာ ကြောက်ရွံ့မှုတွေဖြင့် တုန်ယင်လျက် အိမ်သို့လမ်းလျှောက်ပြန်လာခဲ့၏။ သူ့အား အခြားကျောင်းတစ်ကျောင်းသို့ ပြောင်းပေးရန် သူ့မိဘတွေကို တောင်းဆိုခဲ့သည်။ မျှော်လင့်ထားသလိုပါပဲ သူ့မိဘတွေက သူ့တောင်းဆိုမှုအား ငြင်းပယ်ခဲ့သည်။

ကျန်းယွမ်ပိုင်မှာ ရွေးချယ်စရာမရှိတော့ဘဲ သူ့ကိုယ်သူအားတင်းကာ ရှီပုဖန်ဆီ တောင်းပန်ဖို့ သွားခဲ့သည်။ ရှီပုဖန် သူ့ကိုရိုက်တဲ့အချိန် နည်းနည်းလောက်သက်ညှာပေးဖို့ မျှော်လင့်ချက်ဖြင့်ပေါ့။

ဘယ်သူထင်ထားမှာလဲ…

ရှီပုဖန် အတိတ်မေ့သွားခဲ့၏။

ကျန်းယွမ်ပိုင်ဟာ သူ့ပျော်ရွှင်မှုကို မထိန်းချုပ်နိုင်တော့ပေ။
"မင်းငါ့ကိုမသိဘူးလား? ငါကမင်းသူငယ်ချင်းလေ"

သူဟာ ရှီပုဖန်၏သူငယ်ချင်းဖြစ်ကြောင်း အခိုင်အမာပြောဆိုကာ လိမ်ညာပြီးနောက်တွင် တစ်ဖက်လူက သူ့အား ထူးဆန်းစွာကြည့်နေတာကို ကျန်းယွမ်ပိုင် ခပ်မြန်မြန်ပင် သတိထားမိသွားသည်။

ရှီပုဖန်က သူ့အား နံရံဆီတွန်းထုတ်လိုက်သည့် တစ်ရက်မတိုင်ခင်အထိပေါ့။ ရှီပုဖန်က သူ၏စိတ်ရှုပ်ထွေးနေတဲ့မျက်နှာကို ခပ်ဖွဖွနမ်းပြီး တိုးညင်းစွာ ရယ်မောလာသည်။
“ ဘာသူငယ်ချင်းလဲ? မင်းကိုယ့်ကိုသဘောကျနေလို့ ဒီအခွင့်အရေးကိုသုံးပြီး ကိုယ်နဲ့နီးစပ်အောင် လုပ်နေမှန်း ကိုယ်သိတယ်….လိမ္မာစမ်းပါ။ ကိုယ်မင်းကိုအခွင့်အရေးတစ်ခုပေးမယ်။ ကိုယ့်ကိုလောင်ကုန်းလို့ခေါ် ”

အတိတ်မေ့နေသောကျောင်းလူဆိုးလေးနှင့်ဟန်ဆောင်တွဲခြင်း[မြန်မာဘာသာပြန်](Completed) Where stories live. Discover now