Arc - 1.9

2.5K 259 5
                                    

Unicode

ဒေါက်..ဒေါက်..🚪🚪

' ရှောင်ဖေး ရှောင်ဖေး သား မထသေးဘူးလား ကျောင်းသွားရမာမဟုတ်ဘူးလား နောက်ကျနေပီ ထတော့ ရှောင်ဖေး '

' ရှောင်ဖေး သားငယ် ထတော့ ပါးပါးတောင် အလုပ်သွားတော့မယ် ထတော့ '

' ရှောင်ဖေးလေး ထတော့ '

" အွန်း..ဟုတ်ဟုတ် ပါးပါး သားထပြီ 😪 "

' ထတော့ သားငယ် ပါးပါး အလုပ်သွားပြီနော် '

" ဟုတ် ပါးပါး bye bye 😪😴😴 "

ပါးပါးနဲ့စကားပြောပြီး ပြန်အိပ်လိုက်တယ် သူဒီနေ့ကျောင်းသွားစရာမလိုပေ major class မရှိဘူးလေ အေးဆေးပဲ ....ᶻᶻᶻ
၁၂ လောက်ကျမှထပြီး မနေ့က အားယွမ် ပြင်ပေးထားတဲ့ စာရွက်စာတန်းတွေကို ကြည့်နေလိုက်တယ် သူကဒီအပိုင်းတွေသိမှမသိတာ အရင်လေ့လာရမယ်လေ ၄နာရီလောက် ထိုင်လေ့လာပြီး လုပ်ငန်းအကြောင်း နားလည်သလောက်တော့ရှိလာပြီ အားယွမ်ပြင်ပေးထားတဲ့သူ့အတွက် စီမံကိန်းက အရမ်းကောင်းတယ် system ကလုပ်ပေးတာမို့လို့လားတော့ မသိဘူး တော်"ကောင်းတယ် 100% အောင်မြင်မယ့်အလားအလာရှိတယ်

" အားယွမ် "

* ပြောပါ host 24 နာရီလုံး host အနားမာ ရှိပါတယ် *

" လီကျင်းအခု ဘာစီမံကိန်းတွေလုပ်နေလဲ အသစ်ထပ်လုပ်မယ့်စီမံကိန်းဖြစ်" တစ်ခုခုပေါ့ "

* ဇာတ်လိုက်က အခု မြေကွက်တစ်ကွယ်ဝယ်ဖို့ စီစဉ်နေပါတယ် host Hotel တစ်ခုဖွင့်ဖို့ပါ မြေအနေအထားက အရမ်းကောင်းတော့ သူလက်လွှတ်မခံနိုင်ဘူးဖြစ်နေတယ် တစ်ဖက်လူနဲ့အပြိုင် မြေကွက်ကိုဈေးကြီးပေးဝယ်ဖို့လုပ်နေပါတယ် *

" အဲ့မြေကွက်မာ စားသောက်ဆိုင်ဖွင့်ရင် အဆင်ပြေနိုင်လား အားယွမ် "

* ပြေပါတယ် host မြေနေရာက လူအသွားအလာများတဲ့နေရာမှာဖြစ်တဲ့အတွက် စားသောက်ဆိုင်ဖွင့်လိုက်ရင် သေချာပေါက် အမြတ်တွေရမာပါ host အဲ့မြေကွက်ဝယ်မလို့လား *

" အွန်း ငါသူ့ကိုလက်စားချေရအုန်းမယ်လေ သူ့လုပ်ငန်းတွေကိုဝင်နှောက်ရမယ် ငါ့ကို လီကျင်း company က အခွန်မဆောင်ထားတဲ့ စီမံကိန်းတစ်ချို့ရှာထားပေး အရမ်းပြင်းထန်တာတော့ မလုပ်နဲ့ အသင့်အတင့်ပေါ့ "

Save The Loser System ( System ) Where stories live. Discover now