Arc.1 ( လီရှောင်ဖေး )

3.5K 320 2
                                    

Unicode

ရှောင်ဖေးတစ်ယောက်သတိရရချင်းမျက်လုံးဖွင့်ကြည့်လိုက်တော့ အဖြူရောင်မျက်နှာကျက်ကြီးတစ်ခု ဘေးကဆေးအနံ့တွေလဲရတယ်အကူးအပြောင်းကြောင့်နာကျင်မှုကိုသည်းမခံနိုင်ပဲအော်လိုက်မိတယ်

" အားးး ကျွတ်ကျွတ် နာလိုက်တာကွာ system မင်းပြောတော့နဲနဲပဲနာမယ်ဆို ဒါလားနဲနဲ တစ်ကိုယ်လုံး ဆင်နင်းခံရတာထပ်ဆိုးတယ် "

* စိတ်လျှော့ပါ host ရယ် ဒါက အထက်ကလုပ်တာပါ သူတို့က host တွေ အခုလို နာကျင်တာမြင်ရတာ ပျော်ဖို့ကောင်းတယ်ဆိုပီး လုပ်ကြတာ system နဲ့မဆိုင်ဘူး *

" ချီးကိုပျော်ဖို့ကောင်းတာ သူတို့မခံရတဲ့အတိုင်း အဲ့အထက်ကဟာတွေ fuk ပဲ "

' ငင့် ငါ့ host ကဆဲတတ်တယ်ဟ ငါကငတုံးငအ ကြီးထင်တာ '

* စိတ်လျှော့ host ပီးတော့ကျွန်တော်နဲ့hostက စိတ်ချင်းဆက်သွယ်ထားတာဖြစ်တဲ့အတွက် ကျွန်တော်နဲ့စကားပြောရင် စိတ်ထဲကနေ ပြောလဲရပါတယ် လူတွေနဲ့စကားပြောသလို ပါးစပ်ကနေထုတ်ပြောစရာမလိုပါဘူး host *

" အင်း သိပီ ဒါနဲ့ ငါအခု ဘယ်ကိုရောက်နေတာလဲပြောအုန်း ငါမှန်းတာမမှားရင် ဒါကဆေးရုံမလား "

* အာ ဟုတ်သား ကျွန်တော်မှတ်ဉာဏ်တွေ လွှဲပေးမယ် host ။ နာမယ်နော် ကြိုပြောတယ် system ကိုမအော်နဲ့ ပို့လိုက်ပီ *

ရှင်းယံ သူ့ခေါင်းထဲဝင်လာတဲ့ မှတ်ဉာဏ်များကိုလက်ခံရင်း ခေါင်းကိုက်လွန်းလို့ အော်မိတယ်

" အားးး fuk ပဲဖြေးဖြေးပို့ပါလားကွာ ငါ့ခေါင်းကြီးပေါက်ကွဲထွက်တော့မတတ်ပဲကွာ "

* ကဲပါ host ရယ် နောက်မှအော် အခုဇာတ်ကြောင်းကိုဖတ်တော့ မှတ်ဉာဏ်တွေလဲရောက်နေပီကို မြန်မြန်ဖတ် အချိန်မရှိဘူး *

" အေးပါကွာ ငါ့ကိုဆိုပြန်ပြောဖို့ကြီးပဲ "

ရှင်းယံ သူ့‌ ခေါင်းထဲကို ဝင်လာတဲ့ မှတ်ဉာဏ်တွေကို ဖတ်ကြည့်လိုက်တယ်....

ဒီကမ္ဘာရဲ့အဓိကလူ ပြောရရင်ဇာတ်လိုက်ပေါ့ ဇာတ်လိုက်နာမည်က ကျန်းလီကျင်း စီးပွားရေးမေဂျာတတိယနှစ်ကျောင်းသား ကျန်းမိသားစုကသူတို့နိုင်ငံမာ Top 2 အချမ်းသာဆုံး ဇာတ်လိုက်ဆိုတဲ့ဂုဏ်အတိုင်း ကျောင်းရဲ့ King ကျန်းမိသားစုရဲ့တစ်ဦးထဲသောအမွေဆက်ဆံသူ....

Save The Loser System ( System ) Where stories live. Discover now