Arc - 1.6

2.9K 346 7
                                    

Unicode

လက်ထဲက file ကိုကြည့်ပြီး အခန်းထဲမာ အေးစက်တဲ့အငွေ့အသက်တွေထုတ်လွှတ်နေတဲ့ သူတစ်ယောက်လဲရှိတယ် သူကတော့ လန်ရှင်း...
သူ့ကလေးရဲ့ကျောင်းကိစ္စတွေကို သူ့ကိုယ်ရံတော်ကလာတင်ပြလို့ သူသိပြီးပြီ

' တောက်!!! ဒီမိန်းမကများ ငါ့ကလေးကို '

သူအနေနဲ့ ဒီကိစ္စကိုဖော်ထုတ်ဖို့ဆိုတာ မပင်ပန်းပေ ဒါမယ့်သူ့ကလေးကို အခွင့်အရေးပေးချင်တယ် လူအများရဲ့အမြင်မာ သူ့ရဲ့ကလေးဟာ ထက်မြတ်ပြီး ပြတ်သားတဲ့လူတစ်ယောက် ဖြစ်နေရမယ် ဒီတော့သူက နောက်ကနေပဲ သူ့ကလေးကို ပံ့ပိုးပေးရမာပေါ့

' မနက်ဖြန်ကစပြီး Baby အနားမာ ကိုယ်ရံတော်တွေလွှတ်ထား မသိသာစေနဲ့ အဝေးကနေပဲစောင့်ရှောက်ခိုင်း baby မရိပ်မိစေနဲ့ '

: ဟုတ်ကဲ့ Boss :

ခနပဲစောင့် Baby မင်းက ကိုရ့်အပိုင်ဖြစ်လာတော့မာ
___________________________________________

" ပါးပါး သားကိုချစ်လား "

' ဘယ်လိုမေးလိုက်တာလဲ သားရာ
ပါးပါးက မင်းအဖေပါ ဒီသားလေးပဲရှိတာ မချစ်ပဲနေမလားကွာ '

" ဒါဆို လီကျင်းနဲ့ စေ့စပ်ပွဲကိုဖျက်ပေး ပါးပါး "

' ဟင်...သား ဘာပြောလိုက်တာ '

" လီကျင်းနဲ့သားနဲ့ စေ့စပ်ပွဲကို ဖျက်ပေးပါ
ပါးပါးလဲကျောင်းကသတင်းတွေ သိမာပဲ အရင်ကတော့မသိပင်မယ့် အခု သား လီကျင်းကိုမချစ်ဘူး ပါးပါး သူကလဲဖျက်ချင်နေတာလေ အဲ့တော့သားတို့စေ့စပ်ပွဲကိုဖျက်ပေးပါ နော်..နော် "

' သေချာပြီလား ရှောင်ဖေး
သားဒီလိုလုပ်ချင်တာ '

" သေချာတယ် ပါးပါး ၂ဦး၂ဖက်ဆန္ဒမပါတဲ့စေ့စပ်ပွဲမျိုး သားမလုပ်ချင်ဘူး ပြီးတော့သားက ပါးပါးဆီကတောင် ချွဲလို့မဝသေးဘူး အိမ်ထောင်မပြုချင်သေးဘူး ပါးပါးနဲ့ပဲနေအုန်းမာ "

' ဟားဟား ဒီကောင်လေးဘယ်တုန်းက ချွဲတတ်သွားတာလဲ '

" ဟွန့် သားကအစထဲကချွဲတတ်ပါတယ်နော်
ပါးပါးသာ ဟိုသွားဒီသွားနဲ့မို့ မချွဲရတာ "

' ပါးပါးတောင်းပန်ပါတယ် သားကို ဒီအတောအတွင်း ပြစ်ထားမိတာ '

Save The Loser System ( System ) حيث تعيش القصص. اكتشف الآن