part 25😘

6.6K 506 11
                                    

ဒီနေ့ ကိုကရိုက်ကွင်းသွားရတာမို့လို့ ကျွန်တော်တစ်ယောက်တည်းပဲဆိုင်ကိုထွက်ခဲ့လိုက်သည်
ဆိုင်ကို ယွီပင်းနဲ့ပဲပစ်ထားရတာကြာတော့သူ့ကိုတောင်အားနာလာသလို အဲ့တာကြောင့် အခုနောက်ပိုင်း ဆိုင်ကိုအားရင်အားသလိုလာသည်

ဆိုင်ကိုရောက်တော့ ခါတိုင်းပြုံးဖြီးနေတဲ့မျက်နှာနဲ့ယွီပင်းကိုမတွေ့ရပဲ ကောင်တာမှာငိုင်ငိုင်လေးထိုင်နေတဲ့ယွီပင်းကိုပဲတွေ့ရသည်

"ဟျောင့် ယွီပင်း "
ကျွန်တော်ခေါ်တာတောင်မကြားနိုင်လောက်အောင်ငိုင်နေတာပါ

"ယွီပင်းး"
"ဟမ် သြော် ကျန့်ကျန့် ရောက်ပြီလား"
"အေး ငါရောက်နေတာမသိရအောင်မင်းကဘာတွေတွေးပြီးငိုင်နေတာလဲ"
"ငါမင်းကိုပြောပြမယ် တစ်နေရာရာသွားရအောင် ငါစိတ်ပင်ပန်းနေလို့"
"အေး သွားမယ်လေ နေအုံး ဆိုင်ကို စုစုကိုခနစောင့်ခိုင်းလိုက်မယ်"
ကျွန်တော် စုရွင်းကိုဖုန်းဆက်ကာဆိုင်စောင့်ပေးရန်ပြောလိုက်ပြီး စုရွင်းရောက်လာတော့မှ ယွီပင်းနဲ့နှစ်ယောက်သာအပြင်ထွက်ခဲ့ကြသည်

တစ်လမ်းလုံးလည်းယွီပင်းစကာမပြောပဲလိုက်လာသည်
ဒီကောင်ဘာတွေများစိတ်ညစ်နေလို့လဲသူကပျော်ပျော်နေတတ်တဲ့သူ တော်ရုံစိတ်ညစ်စရာမဟုပ်လောက်ဘူး

"ယွီပင်းငါဘယ်ကိုမောင်းပေးရမလဲ"
"လူရှင်းတဲ့ဆိုင်ကိုပဲ မောင်းလိုက်ပါကွာ"
"အေး"
ကျွန်တော်လည်း အနီးနားရှိလူရှင်းလောက်မဲ့စားသောက်ဆိုင်လေးကိုမောင်းခဲ့လိုက်သည်
ဆိုင်ထဲရောက်တော့ ထောင့်ဆုံးဝိုင်းမှာနေရာယူလိုက်ကြသည်
"ကျန့်ကျန့် မင်းစားချင်တာမှာလေ"
"ရတယ်နောက်မှမှာမယ် ငါ့ကိုမင်းကိစ္စအရင်ပြော"
"အင်းပြောမယ် ဒီလို"

flash back

ယွီပင်းဆိုင်ပိတ်ပြီးအိမ်ကို စစ်ကျွေးကလိုက်ပို့လိုက်သည်

အိမ်ထဲရောက်တော့ ဧည့်ခန်းမှ ဧည့်သည်တွေနဲ့မားကိုတွေ့လိုက်ရသည်
ဧည့်သည်တွေက မားနဲ့သက်တူရွယ်တူလောက်ရှိမဲ့အန်တီတစ်ယောက်ရယ် တစ်ယောက်က ထိုအန်တီရဲ့ သမီးလို့ထင်ရတဲ့ကောင်မလေးတစ်ယောက်ရယ်

ဝမ်မင်းသားရဲ့အချစ်တော်🔞(completed)Where stories live. Discover now