Part 9😍

10.5K 827 24
                                    


ရိပေါ်တို့ ထမင်းစားခနနားတာကြောင့် အဝတ်စားတွေရွေးနေတဲ့ရှောင်ကျန့်နားကိုလာခဲ့လိုက်သည်

"bae ဗိုက်ဆာနေပြီလား"
"ဒီလိုနေရာမှာကျွန်တော့ကို bae လို့မခေါ်ရင်ကောင်းမယ်"

"Ok Ok ကိုယ်မင်းမကြိုက်ရင်မခေါ်တော့ဘူး ကျန့်ကျန့်လို့ပဲခေါ်မယ်"
"အင်း"
"ဗိုက်ဆာနေပြီလား "
"မဆာ."
ေရှာင်ကျန့်စကားတောင်မဆုံးသေးရုံးပတီသီးမရောက်လာသည်

"ရိပေါ် ထမင်းစားပြီးပြီလား "
"ဗျာ သြော် မစားရသေးဘူး"
"ဟယ် ဟုလား အတော်ပဲ မေ့အော်လည်းမစားရသေးဘူး မေ့အော်က ရှူတင်ထမင်းဟင်းမစားချင်လို့ ဒီနားကဆိုင်လေးမှာသွားစားမှာအာ့ ရိပေါ်လိုက်ခဲ့ပါလား "
"သြော် နေပါစေ ကျွန်တော်ရှူတင်ထမင်းပဲစားလိုက်တော့မယ်"

ရိပေါ်ငြင်းနေတာကြောင့်သူမ ရိပေါ်ရဲ့လက်ကိုကိုင်ရန်လှမ်းလိုက်စဥ်

"ရိပေါ် ကျွန်တော်ဗိုက်ဆာနေပြီ သွားရအောင်"
"အင်းအင်းသွားမယ်လေ ေမ့အော် ဆောရီး ကျွန်တော် ကျန့်ကျန့်နဲ့ပဲသွားစားလိုက်တော့မယ်"

"ဟမ် နေဦး ဟာ"
မေ့အော်တစ်ယောက် ခေါ်တာမမလိုက်တဲ့ရိပေါ်ကိုပဲစိတ်တိုရမလား ကြားကဖြတ်ခုတ်ပြီးခေါ်သွားတဲ့မန်နေဂျာဆိုတဲ့ကောင်လေးကိုပဲစိတ်တိုရမလား မသိပဲ ရပ်ကာကျန့်ခဲ့တော့သည်

ရှူတင်ထမင်းဆိုပေမယ့် ခေါင်ဆောင်မင်းသားဖြစ်တဲ့ရိပေါ်အတွက်ဂျိုင့်လေးနဲ့သပ်သပ်ထည့်ပေးထားတာကြောင့် ရှောင်ကျန့်ကတော့ ထမင်းယူရန် ပန်ကန်ယူပြီး ထမင်းဟင်းဝေတဲ့ဆီလျှောက်ခဲ့တော့သည်

ရှောင်ကျန့်သူ့ပန်ကန်ပြားထဲသူစားချင်တဲ့ဟင်းတွေထည့်ကာ ရိပေါ်နဲ့အတူစားနေသည်

ရိပေါ်ကတော့ ထမင်းတွေအများကြီးယူလာပြီးနည်းနည်းသာစားနေတာကိုတွေ့တာကြောင့်

"ကျန့်ကျန့် ထမင်းစားမကောင်းလို့လား"
"မဟုပ်ပါဘူး ကျွန်တော်ဗိုက်မဆာလို့ပါ "

"ခုနကပြောတော့ဗိုက်ဆာလို့ဆို"

"အဲ့တာက မျက်စိနှောက်လို့ နားထဲ ထလျှက်ရည်တွေကျလာသလိုချွဲပျစ်နေတာတွေကြားပျင်းလို့"
"ကျန့်ကျန့် ကိုယ့်ကိုသဝန်တိုနေတာလား"
"အဟမ်း ဘာလို့တိုရမှာလဲ မတိုပါဘူး ကိုယ့်ဘာသာစားစရာရှိသာစား "

ဝမ်မင်းသားရဲ့အချစ်တော်🔞(completed)Where stories live. Discover now