Part 2😘

15.3K 1K 8
                                    

ရှောင်ကျန့်လည်း အမနဲ့ ယွီပင်းရဲ့ ဆွဲဆောင်မှုကြောင့် ဝမ်ရိပေါ်ရဲ့ show ပွဲကိုလိုက်ခဲ့ရသည်

Wow လူတွေအများကြီးပဲ ဟွန့် ဒီဝမ်ရိပေါ်က ဘယ်လောက်များချောလို့ အဲ့လောက်အားပေးနေကြတာလဲမသိဘူး
ပွဲမှာ ရှောင်ကျန့်တို့ ထိုင်ရမဲ့ခုံတွေက အရှေ့ဆုံးကမဟုပ်ပေမယ့် စင်ပေါ်ကကြည့်ရင်သေချာမြင်နိုင်တဲ့နေရာလေးပါ

"ကဲ့ ကျန့်ကျန့်နဲ့ ယွီပင်း ခနထိုင်ကြအုံး ကျဲ light stick လေးသွားဝယ်လိုက်အုံးမယ်"

"ဟုပ် ကျဲ "
ကျဲ ပြန်ရောက်လာတာတောင် show ပွဲမစသေးတာကြောင့် ရှောင်ကျန့် သန့်စင်ခန်းသွားမည်ဟုဆိုကာ ထွက်ခဲ့လိုက်သည်

ရှောင်ကျန့် သန့်စင်ခန်းထဲရောက်တော့ လူရှင်းပါသည်
"ဟူး တော်ပါသေးရဲ့ လူသိပ်မရှိလို့ "

ရှောင်ကျန့်လည်း ကိစ္စပြီးသည် နှင့် အပြင်ထွက်ရန်လုပ်လိုက်တော့
"အမလေး ပလုတ်တုတ် ဒီမှာခင်ဗျားလူတစ်ယောက်လုံးလာနေတာမမြင်ဘူးလား"
"ဟော ဗျာမင်းလေးကအရင်ဝင်တိုက်တာလေ"
"ခင်ဗျား ကကျွန်တော့ရှေ့မှာပိတ်ရပ်.. မင်းမင်းဟိုနေ့ကလူ"
ရှောင်ကျန့် စိတ်တိုတိုနဲ့မော့ကြည့်လိုက်တော့မှ ဟိုနေ့က သူ့ရဲ့ first kiss ကို အကြောင်းမဲ့ ယူသွားတဲ့သူဖြစ်နေသည်

"ဟုပ်ပါတယ် ကိုယ်ပါ ပြီးတော့ မင်းလေးကိုထပ်တွေ့ရတာဝမ်းသာပါတယ်နော်"
"ကျွန်တော်တော့ဝမ်းမသာဘူး ဟွန့်"
"ကိုယ့်ကို ဖုန်းနံပါတ်လေးပေးလို့ရမလား"
"မရဘူး ဖယ် သွားမလို့"
"ဟုပ်ကဲ့ပါ"

ဝမ်ရိပေါ်သူ့ရှေ့က ထွက်သွားတဲ့ ကလေးလိုလိုကောင်လေးကို ချစ်နေမိပြီလားမသိ သူ့ကိုတွေ့တိုင်းထိန်းချုပ်လိူ့မရတဲ့ရင်ခုန်သံတွေကအရမ်းမြန်လွန်နေသည်
ထိုအချိန်တွင်
တီ တီ တီ

"ဟယ်လိုစစ်ကျွေးပြော"
"ဟဘာပြောရမှာလဲမင်းကို ဒီမှာ show ပွဲကစတော့မယ် မင်းကဘယ်ရောက်နေတာလဲ"
"အာ အေးငါလာပြီ"
အဲ့တာပဲကည့် ဟိုကောင်လေးနဲ့ပတ်သတ်လာရင် သူ့ ပွဲကိုတောင်မေ့သွားတတ်တာမျိုးပါ

စစ်ကျွေးက ဝမ်ရိပေါ်ရဲ့ အချစ်ဆုံးသူငယ်ချင်းလည်းဖြစ်သလို သူ့မန်နေဂျာလည်းဖြစ်တယ်
ရှောင်ကျန့်ကတော့ သန့်စင်ခန်းကပြန်လာပြီး ခုံပေါ်မှာအိပ်နေလိုက်တာ ပွဲစတာတောင်သူမသိ
"ကျန့်ကျန့် ထတော့လေ ပွဲစနေပြီ "
"ကျန့်လေးထတော့လို့"
ကျန်းရန်လီနဲ့ ယွီပင်းနှစ်ယောက်စလုံးနိုးတာတောင်သူမထ

ဝမ်မင်းသားရဲ့အချစ်တော်🔞(completed)Where stories live. Discover now