Part-9

593 82 39
                                    

Unicode

"ဝိုး.........ဝူးဝူး..."

တဝိုးဝိုး တဝူးဝူးအော်ကာ ကဲနေသော ဟိုဘီနဲ့ဂျီမင်အားကြည့်ပြီး ယွန်းဂီ တွေးလိုက်မိသည်က

"ငါဘာလို့ ဒီကိုရောက်နေရတာလဲ "ဟူ၍သာ

ဂျောင်ကု ထယ်ယောင်းတို့နဲ့ နေရာအနံ့ရောက်ဖူးပေမဲ့ ဒီလိုနေရာမျိုးကိုတော့ ခုမှရောက်ဖူးသည် ဒီခေတ်ကာလအမျိုးသမီးတွေ အတိုလေးတွေဝတ်တာမြင်ဖူးပေမဲ့ အခု ဒီ club ထဲမှ အမျိုသမီးများကတော့ တိုနံ့နေတဲ့အပြင် ကပ်ချပ်နေတာကြောင့် ကောက်ကြောင်းတွေက အတိုင်းသား ဂျောင်ကုအနေနဲ့ စရောက်တုန်းက ခေတ်သစ်ဆောင်ကြာမြိုင်လားမေးမိလို့ ထယ်ယောင်းဆီက လိမ်ဆွဲခံလိုက်ရသေးသည် 
ဂျိုဆွန်းဘုရင်ဂျောင်ကုမာ ခဏခဏလိမ်ဆွဲခံနေရသည်လို့ သူ့ပြည်သူတွေများကြားလျှင် ​ရီစရာဖြစ်နေပေအုံးမယ်

"ငါလဲသွားပြီ   ရေး....."

ထယ်ယောင်းမာ သိပ်မသောက်နိုင်တာကြောင့် cocktail လေး သုံးခွက်သောက်ပြီး မြူးစပြုကာ ကနေသော ဟိုဘီနဲ့ ဂျီမင်ဆီသို့ပြေးကာ အလည်ကနေ ပုခုံးဖက်ကာ ဝင်ဒွန့်နေတော့သည်

"ဂျောင်ကုသောက်လေကွာ မင်းကလည်း ဂေ့ "

"နမ်ဂျွန်း မင်းများနေပြီ တော်တော့"

စကားများနေသာ နမ်ဂျွန်းအား ယွန်းဂီပိတ်ဟောက်တော့

"မင်းမသိပါဘူးကွာ ငါခံစားချက်တွေ...ငါ....ငါ ပြိုလဲနေပြီကွ ဟင့်ဟင့်....."

"ဟျောင့် အော်မငိုနဲ့လေကွာ ကင်နမ်ဂျွန်းမပီသလိုက်တာ "

ယွန်းဂီနဲ့နမ်ဂျွန်းစကားများနေစဥ် ဂျောင်ကု အလုပ်ရှုပ်နေတော့သည်

"ဒါဘာအရသာလေးလဲ သိဘူး မြည်းကြည့်ရမယ် "

နမ်ဂျွန်းမှာထားသော ဘီယာခွက်အား သောက်ကြည့်လိုက်တော့

"အား....လည်ချောင်းထဲကို ပူဆင်းသွားတာပဲ ဟိုတစ်ခါ ဆိုဂျူထက် ပိုပြင်းတာပဲ အရသာပိုသိအောင် နောက်တစ်ခွက် ထပ်ချရမယ် "

ဂျောင်ကု ထိုင်ခုံတွင်ထိုင်လျှက် ကောင်တာတွင် အရက်စပ်ပေးသာ ကောင်လေးကာ ဘီယာခွက်ထောင်ပြကာ တစ်ခွက်ပြီးတစ်ခွက် ကစ်နေတော့သည်

Love in 21st CenturyWhere stories live. Discover now