Part-2

981 108 10
                                    

Unicode

"အို အို အူး...အို
အို အို အူး............အို~~~အို"

ကင်ထယ်ယောင်းတစ်ယောက် အိမ်အပေါ်ဆုံးထပ်က ရေကူးကန်မာ သီချင်းတငြီးငြီးနဲ့ မျက်လုံးလေးမှိတ်ကာ စည်းစိမ်အပြည့်အဝခံစားနေရင်း

"တီ....တီ"

ဖုန်းလာတာကြောင့်

"ဟာကွာ ဒီဖုန်းကတစ်မှောင့် "

ကြည့်လိုက်တော့ ဖုန်းခေါ်သူက မောင်မင်းကြီးသား ဂျီမင်း.......

"ပြော ပုလုံးကောင် ငါသာယာနေရင် မင်းက တအားဖျက်တာ "

"မင်းကိုက အချိန်ပြည့်သာယာနေတာပဲကို တော်ကွာ အပိုတွေမ​ပြောနဲ့ ညနေ ပါတီလိုက်မာလား အလန်းတွေတွေကော ပါတယ်ကွာ "

"လိုက်မာပေါ့ကွာ ဘယ်လာရမာလဲ ဂျီမင်းလေး"

"ခုမှလာမဖားနဲ့ မပြောဘူးကွာ ခုဏကကျ ငါ့ကိုပုလုံးလေး ဘာလေးနဲ့ မပြောဘူးကွာ "

အမြဲရစ်စိန် ဂျီမင်းဆိုသောသူငယ်ချင်းကြောင့် ထယ်ယောင်း ခေါင်းတောင်ကုတ်မိသွားတယ် ကိုယ်ကအရင်စမိတာကိုး....
သေချာတယ် ဒီအချိန်ဟိုဘက်ကနေ နှုတ်ခမ်းကြီးဆူပြီး ရစ်နေမာ...

"သူငယ်ချင်းလေးကလည်းကွာ ပုလုံးလေးဆိုတာက ငါ့သူငယ်ချင်းလေးက အရမ်းချစ်ဖို့ကောင်းလို့ပါကွာ မင်းကလည်း အာ့တာကြောင့်ပါ "

"အာ့လိုလား..."

ဂျီမင်းစကားအသွားအလာအရ အဆင်ချောတော့မည်ကိုသိတာကြောင့်...

"ဟုတ်တယ် အာ့လို အာ့လို "

"အေးပါကွာ အာ့ဆိုလည်းရှိပါစေတော့ ဒီကချစ်စရာတုံးလေးက ခွင့်လွှတ်လိုက်ပါမယ် "

"ဝေါ့ "

"ဟာ ဟျောင့် ကင်ထယ်မျောက် ဘာသံလဲ အာ့တာဘာသံလဲ ငါ့ကိုဝေါ့တာလား "

ထယ်ယောင်းဖုန်းနဲ့ခွာပြီး လုပ်မိတာကို နားပါးတဲ့ဂျီမင်းက ကြားဖြစ်အောင်ကြားလိုက်သေးတာကြောင့်

"မဟုတ်ပါဘူးကွာ ငါလေလည်လိုက်တာ ကိုလာတွေအသောက်များသွားလို့ထင်တယ် ကဲပါ ငါဘယ်ကိုလာရမလဲ "

"မင်း နမ်ဂျွန်းအိမ်နားက DNA club ကိုသိတယ်မလား "

"အေး အဲ့ကိုလာရမလား "

Love in 21st CenturyWhere stories live. Discover now