Part-6

603 83 17
                                    

Unicode

"အင်း..ရောက်တော့မာ လာပြီ ပုလုံးရ..
ဂျောင်ကုလား.......ပါတာပေါ့ "

ထယ်ယောင်း အခု ဂျောင်ကုကိုခေါ်ပြီး ကျောင်းကို သွားနေခြင်းဖြစ်တယ်
ဂျောင်ကုမာတော့ ယောင်တောင်တောင်နဲ့ ထယ်ယောင်းနဲ့ uni ကိုပါလာတယ် မြင်နေရတာတွေက အထူးဆန်းကြီးမို့ ဂျောင်ကုလဲ လိုက်ကြည့်ရင်း လူတော်တော်များများကလည်း သူ့ကို ပြုံးစိစိနဲ့ ကြည့်သွားတာမို့

"ငါ့ရုပ်ရည်က အာ့လောက်ခန့်ရသလား "

ဂျောင်ကုမာ ဂုဏ်ဆာအပြုံးကြီး ပြုံးလိုက်ရင်း ထယ်ယောင်းပြောသော ကန်တင်းဆိုတာသို့ ရောက်လာလေသည်

"မင်းတို့ကလဲ ကြာတာ "

"ဟုတ်တယ် သူနဲ့တော်တဲ့ အဝတ်စားရှာနေရတာကို အကြာကြီး ဒီနေ့အတန်းမတက်တော့ဘူး သူ့အတွက် shopping ထွက်ရမာ လိုက်မလား မင်းတို့လဲ "

"လိုက်ရမာပေါ့ဟ "

ဆော့ဂျင်မှဦးဆောင်ပြောရင်း အကုန်လုံးကလည်း လိုက်မယ်ဆိုတဲ့သဘောနဲ့ ခေါင်းငြိမ့်ပြတယ်

"ဒါနဲ့ ငါ့တို့ဝိုင်းကို ခါတိုင်းထက်ပို နည်းနည်းအာရုံစိုက်နေကြသလားလို့ "

ထယ်ယောင်း ဝင်ကတည်းက သတိထားမိတာကြောင့် မေးလိုက်တော့

"ကြည့်မာပေါ့ကွ ဂျောင်ကုပုံစံလည်းကြည့်အုံး "
ဂျီမင်းက ပြုံးစစနဲ့ ဖြေသည်

"အာ..ဟုတ်သား "
ဂျောင်ကုကို ဒီပုံနဲ့ ထားလို့မဖြစ်တော့ ညနေကျ ဆံပင်အတင်းညှပ်ပေးဖို့ ဆုံးဖြတ်လိုက်တယ်

Mall ရောက်သည်နဲ့ သူတို့အားလုံးနဲ့ ဂျောင်ကုနဲ့ သင့်တော်မယ့် အဝတ်အစားများများ ရွေးဝယ်ပေးကြရင်း နေ့လည်စာပါ ဝင်စားကာ ဆော့ဂျင်ရဲ့ ဟာသတွေကြောင့် အူလိမ်နေအောင်ကို ရီနေကြရတယ်
ဂျောင်ကုလဲ အခုဆို တော်တော်လေး သူတို့နဲ့အဆင်ပြေလာပြီး အရင်လို စကားပြောရင် နည်းနည်းရှက်မနေပဲ ဗွင်းဗွင်းထင်းထင်း ဖြစ်လာပြီ

သူတို့ ဆံပင်ညှပ်ဆိုင်ရောက်လာတော့ အကုန်လုံး တစ်ယောက်မျက်နာတစ်ယောက်ကြည့်ကာ ဂျောင်ကုကို ဘယ်လိုဖြောင်းဖျရမလဲ မျက်လုံးချင်း စစ်ခင်းကာ တိုင်ပင်နေကြတယ်

Love in 21st CenturyWhere stories live. Discover now