Part-5

622 84 41
                                    

Unicode

"ဝါး............"

ဂျောင်ကု အိပ်ရာထထချင်း လက်မောင်းတွေမြှောက်ကာ သန်းလိုက်ရင်း တွေ့လိုက်ရတာက သူ့ပေါင်ပေါ် ခေါင်အုံးအိပ်နေသည့် ဟိုဆော့မျက်နာနှင့် ဟိုဘီဆိုသောသူ

"ဂျောင်ကု နိုးပြီလား မင်း မနေ့က ဒီမာပဲ အိပ်ပျော်သွားတာ "
အခန်းထဲက ထွက်လာတဲ့ ထယ်ယောင်း

"အော် အင်း "
ဂျောင်ကု လည်ပင်းပွတ်လျက် ရယ်သာပြလိုက်တယ်

"မင်း မှတ်မိလား "

"ဟင် "

"မနေ့က မနေ့ကလေ မင်းမမှတ်မိဘူးလား "

ဂျောင်ကုမာ သူဘာမှမသိဆိုသော အင်နိုးစန့်မျက်နာလေးနဲ့ စိုက်ကြည့်နေတော့

"ထား ...ထားပါတော့
ရား ဟိုဘီ ထ ထတော့ နေက မင်းဖင်ထဲဝင်တော့မယ် "

"ဟင်း.....ဘယ်သူကြီးလဲ "

ပြောပြီး ဂျောင်ကုပေါင်ပေါ်ကထကာ ​အခန်းထဲကို မျက်လုံးကြီး စုံမြိတ်ကြီး ဝင်သွားပြန်တယ်

ဒီပုံစံကိုမြင်တော့ ဂျောင်ကု ဒီဟိုဘီဆိုသောသူမာ သူ့ကိုယ်ရံတော် ဟိုဆော့လုံးဝမဟုတ်မှန်း သိလိုက်တယ်

"ဂျောင်ကု ဟိုဘီနောက် လိုက်သွား အာ့မာ ငါမင်းအတွက် သွားတိုက်ဆေးနဲ့ သွားတိုက်တံအသစ်ပြင်ထားတယ် "

"အော် အင်း"

ဂျောင်ကု ဘာမှနားမလည်ပေမဲ့ ထယ်ယောင်း​ပြောသလိုသာ ဟိုဘီနောက် လိုက်သွားလိုက်တယ်
သူ မနေ့က ဆိုဂျူဆိုသော အရာကြီးသောက်ပြီး ခေါင်းမူးချင်သလို ဖြစ်နေတာရယ်

ဦးလေးဟန်ပြင်ပေးထားတဲ့ မနက်စာဝိုင်းမာ အကုန်စုံနေပေမဲ့ ဂျောင်ကုနဲ့ ဟိုဘီကတော့ ရောက်မလာသေး
ဂျီမင်ကတော့ မျက်နာဇီးရွက်လောက်သာ ကျန်တော့တယ် အကုန်လုံးမာလဲ ဂျီမင်ရုပ်ကြည့်ပြီး ကြိတ်ခွီနေကြရတယ် ခုတော့ အရက်ဂျိုးလေး မူးအောင် သောက်ရဲတော့မယ် မထင်ဘူး

"အမလေး ပင်ပန်းလို့သေတော့မယ် ထယ်ယောင်း မင်းလူက သွားတိုက်ပါဆို သွားတိုက်ဆေးတွေ မြိုချလို့ချ မျက်နာသစ်တွေ အများကြီး ညစ်လို့ညစ် ရေမဖွင့်တတ်ရတာနဲ့ သွားမတိုက်တတ်ရတာနဲ့ ငါ ပင်ပန်းလို့ သေတော့မယ် "

Love in 21st CenturyWhere stories live. Discover now