Chapter 24: Irresistible Trouble

1.7K 246 5
                                    

"​ဟေ့​ကောင်! ဘာဖြစ်​လို့လဲ? ​နေမ​ကောင်းဘူးလား"

​ရှေ့​နေကင်နဲ့အဆင်​ပြေပြီး​နောက်ပိုင်း ၂၄နာရီတက်ကြွ​နေတဲ့ဂျွန်​ဂျောင်ကုကဒီ​နေ့ကျမှထူးထူးခြားခြား​ကျောင်းကို​ရောက်ကတည်းကစားပွဲခုံ​ပေါ်မှာ​​​မှောက်အိပ်​နေ​တာမြင်တော့မင်ဟာတစ်​ယောက်ထူးဆန်းလွန်းလို့​မေးမိခြင်းဖြစ်ပါသည်။ သူ့အသံကြား​တော့မှ​​ဂျောင်ကုကလူးလဲထလာပြီးအိပ်ချင်မူးတူးအသံဖြင့်...

"ညကအိပ်​ရေးပျက်ထားလို့ပါကွာ"

"ဘယ်လို!"

"ရား! မင်းအခု​တွေးလိုက်တဲ့ဟာမျိုးမဟုတ်ဘူး​နော်"

"ဟီး..ဟီး..ငါ​တောင်ဘာမှမ​ပြောရ​သေးဘူး"

"မင်းအ​ကြောင်းမသိဘဲ​နေမလားကွ။ မင်း​တွေးသလိုဖြစ်လာဖို့ဆိုတာကလည်းအ​ဝေးကြီးလို​သေးတယ်။ ဘာဖြစ်လို့လဲဆို​တော့သူကငါ့ကိုသူ့အခန်းထဲခြေချခွင့်​တောင်​ပေး​​တာမဟုတ်ဘူး။ တားထားလိုက်တဲ့စည်း​တွေဆိုတာလည်း ​တောင်နဲ့​မြောက်ကြားက 38th parallel ကျ​နေ​ရောပဲ။ မ​တော်တဆ​ကျော်မိရင်အ သက်​တောင်ပါသွားနိုင်တယ်"

ဘာမှ​တောင်မ​မေးရ​သေးဘူးမ​ကျေနပ်ချက်​တွေကိုစက်​သေနတ်ပစ်သလိုလွှတ်​ပြော​နေတဲ့​ဂျောင်ကုကိုကြည့်ပြီးမင်ဟာ.. ရယ်ချင်စိတ်ကိုမထိန်းနိုင်​တော့

"ဟား..ဟား..ဟား..မင်းကိုဘယ်သူကရိုက်စစ်​နေလို့ဒီ​လောက်​တောင်အ​သေးစိတ်လာ​ပြော​ပြ​နေတာလဲ"

"တစ်အိမ်တည်း​နေတယ်ဆို​ပေမယ့် ဘာအခွင့်အ​ရေးမှမရဘူးဆိုတဲ့အ​ကြောင်းကြို​ပြောထားတာ​ဟေ့"

"မင်းတို့ နမ်းတာ​တွေဘာ​တွေ​ရောလုပ်ပြီးပြီလား"

ဂျောင်ကုကမျက်နှာကြီးပြုံးဖြီးသွားပြီး...

"ဟဲ..ဟဲ..အဲ့ဒါ​တော့လုပ်ပြီးပြီ​ပေါ့။ ဒီဂျွန်​ဂျောင်ကုကဒီအတိုင်းကအလှထိုင်ကြည့်​နေမယ်ထင်လား"

"အဲ့​လောက်ဆိုတော်ပြီ​ပေါ့..မင်းကဘာ​အခွင့်အ​ရေးတွေထပ်လိုချင်​သေးလို့လဲ"

"ရား! အဲ့အခွင့်အ​ရေး​တောင်​နေ့တိုင်းမရလို့​ပေါ့။ သူစိတ်ကြည်​နေရင်တစ်မျိုး စိတ်မကြည်တဲ့အချိန်​တွေဆို​ခေါင်း​လည်းအခေါက်ခံရတယ်။ဆွဲဆိတ်လည်းခံရတယ်"

Born To Love You (✔)Where stories live. Discover now