Chapter 20: The Words I Couldn't Say

1.7K 259 12
                                    

နမ်ဂျွန်းကား​မောင်းလာရင်း​နောက်ကြည့်မှန်က​နေတ
ဆင့်ငြိမ်သက်စွာလိုက်ပါလာတဲ့လူနှစ်​ယောက်ကိုအကဲခတ်​​နေမိသည်။ ​​ဆော့ဂျင်က​တော့အပြင်ဘက်ကို​ငေးကြည့်​နေပြီး ဂျွန်​ဂျောင်ကုဆိုတဲ့​ကောင်​လေးက​တော့ ​ဆော့ဂျင်ရဲ့မျက်နှာ​လေးကိုပဲအရိပ်တကြည့်ကြည့်နဲ့​ငေး​နေသည်။

သူတို့နှစ်​ယောက်ရဲ့ပတ်သက်မှုကဘယ်လိုအတိုင်းအတာထိရှိလဲမသိ​ပေမယ့် ဒီ​နေ့ဖြစ်ရပ်​ကြောင့် ဂျွန်​ဂျောင်ကုဆိုတဲ့​ကောင်​လေးက​ဆော့ဂျင်ရဲ့ရင်ထဲမှာ​နေရာယူထားပြီးသားဖြစ်​နေပြီဆိုတာကိုသူသိလိုက်ရသည်။ ​ဒီည​နေလည်း ဒီ​ကောင်​လေး​ကြောင့် သူနဲ့​ဆော့ဂျင်နဲ့ထမင်းလက်စုံစားဖြစ်မယ်မထင်။ တိတ်ဆိတ်​နေတဲ့အ​နေအထားကိုမကြိုက်တာ​ကြောင့် နမ်ဂျွန်းကပဲ​ ငြိမ်သက်​နေတဲ့အ​နေအထားကို စတင်ဖြိုခွင်းလိုက်သည်။

"​ဆော့ဂျင်... အ​ခြေအ​နေဘယ်လိုရှိလဲ"

နမ်ဂျွန်းအသံကြားမှအပြင်ကို​ငေးကြည့်​နေတဲ့​ဆော့ဂျင်ကသတိဝင်လာဟန်ဖြင့် အ​ရှေ့ကိုလှည့်လာပြီး နမ်ဂျွန်းရဲ့အ​မေးကို​​ဖြေသည်။

"အခု​လော​လောဆယ်​တော့ အဆင်​ပြေတယ်လို့ပဲ​​ပြောရမှာ​ပေါ့။ သူတို့​ရှာ​တွေ့တဲ့ နားရွက်ပြတ်နဲ့လက်ညှိုးကိုမှုခင်းဆရာဝန်​တွေစစ်​ဆေးပြီးမှ ​လူသတ်မှုဟုတ်မဟုတ်သေချာသိရမှာပဲ"

"​တော်​သေးတာ​ပေါ့"

ဒုတိယအကြိမ်တိတ်ဆိတ်သွားပြန်သည်။ နမ်ဂျွန်းလည်းဘာဆက်​ပြောရမှန်းမသိတာနဲ့ကားကိုသာဂရုတစိုက်​မောင်း​နေ​တော့သည်။

"​ရောက်ပြီ ​ဆော့ဂျင်"

"​ကျေးဇူးပဲ​နော် နမ်ဂျွန်းရှီ"

"ရပါတယ်"

နမ်ဂျွန်းက​ဆော့ဂျင်​ဘေးမှငြိမ်ပြီးလိုက်လာတဲ့​ကောင်​လေးကို ​လှည့်ကြည့်လိုက်ပြီး...

"​မင်းရော... ဘယ်ကိုပို့​ပေးရမလဲ"

"ကျွန်​တော်လည်း ဒီမှာပဲဆင်းလိုက်မယ်"

"ပြီး​ရော​လေ"

​ဆော့ဂျင်​ နဲ့ကောင်​လေး ကား​ပေါ်ကဆင်း​တော့နမ်ဂျွန်း ပါကား​ပေါ်ကဆင်းပြီး​ဆော့ဂျင်​အနားမှာရပ်လိုက်​တော့​ဆော့ဂျင်ကသူ့ကို​အားနာတဲ့အကြည့်နဲ့ကြည့်ပြီး​ကျေးဇူးတင်စကား​ပြောပြန်သည်။

Born To Love You (✔)حيث تعيش القصص. اكتشف الآن