♡ Part - 11 ♡ { Warning 🔞🔞🚫 }

Start from the beginning
                                        

" ဟင် ... "

အစက‌တော့ ကိုကို့ကိုတစ်ကယ့်ကို surpriseဖြစ်အောင်လုပ်ပြီး‌ေပြာချင်ပေမဲ့ စကားက လွှတ်ခနဲထွက်သွားမိသည် ...။

ဂျောင်ကုမသိသည်က ထယ်ယောင်းအတွက် တစ်ကယ့်ကိုsurpriseဖြစ်သွားတာပင် ...။

" တစ်ကယ်လား ဂျွန် "

" ဘာလို့ငိုနေတာလဲ ပျော်ရမှာမဟုတ်ဘူးလား "

သူအကြားချင်ဆုံးစကားလေး နောက်ဆုံးတော့ ဂျွန်ဆီက ကြားခဲ့ရပြီ ပျော်လွန်းလို့မျက်ရည်တောင်ကျသည်အထိ ...။

" ပျော်လို့ ပျော်လွန်းလို့ငိုတာပါ ဂျွန်ရယ် ... "

" မငိုနဲ့တော့ အခုချီပေး ဗိုက်ဆာပြီ "

" ဟုတ်ပါပြီ။ "

သူရဲ့အပြုံးတို့ဖြစ်တည်ရာက ဂျွန်၊ ငိုရင်လဲချက်ချင်းပြုံးစေတာဂျွန် ဂျွန်ကြောင့်ပဲ ကိုယ့်ရဲ့အမှောင်ကျတဲ့ဘဝကို အလင်းပေးခဲ့တာ ဂျွန် သိပ်ချစ်တယ် ဂျွန် ဒီစကားကိုတော့ယုံတယ်မလား ...။

ဂျွန့်ကို မျက်နှာသစ်ပေး သန့်ရှင်းပေးကာ အိမ်အောက်ကိုဆင်းသွားလိုက်တယ် ...။

" ကူးကူးက ကိုကို့အများကြီးချစ်တယ်နော် အဲ့ကြောင့်မို့ အခု ပီဇာ ဝယ်ကျွေး "

ချွဲတဲ့နေရာမှာလဲ ဒီဂျစ်တူလေးက ‌တော်ပါဘိရော၊ ချစ်လို့မဝဘူး ဒီဂျစ်တူလေးကို ...။

သူ့ကိုသူလဲ ကူးကူးတဲ့လေ အဲ့လိုလေးတွေချွဲတိုင်း ဒီကောင့်ရဲ့ နှလုံးသားလေးအရည်ပျော်ကျရတယ်ဆိုတာ ဒီဂျစ်တူလေး မသိလေရော့လား ...။

" အလည်လေး ~ "

" အဲ့အလည်လေးကို ကိုကိုက မချစ်ဖူးလား "

ဟောကြည့် နှုတ်ခမ်းကြီးထော်ပြီးပြောနေပြန်ပြီ စိတ်ရှိတိုင်းဆွဲမွလိုက်ရ ကိုယ့်အလွန်ဖြစ်တော့မယ် ...။

" ချစ်ပါ့ဗျာ "

" အဲ့ဆို ပီဇာမှာပေး "

" ဟုတ်ပါပြီ ဂျစ်တူလေးရယ် "

" ဟီး "

ဂျွန့်သဘောအတိုင်း ပီဇာမှာပေးကာ ဂျွန့်ကိုပေါင်ပေါ်တင်ပြီးခွန့်ကျွေးတော့ တမြုံမြုံဝါးနေတုန်း ပါးကဖောင်းဖောင်းလာတော့ သူ့မှာအသဲယားလွန်းလို့ နမ်းရတာလဲအမော ...။

You've reached the end of published parts.

⏰ Last updated: Aug 08, 2021 ⏰

Add this story to your Library to get notified about new parts!

🚨 I Never Hate You 🚨Where stories live. Discover now