Unicobe
ဘူဆန်မြို့၌ ဂျွန်ဂျောင်ကုဆိုတဲ့ကလေးလေးကိုမွေးဖွားခဲ့သည်...။
ဂျောင်ကုရဲ့အဖေဟာလောင်းကစားအရမ်းလုပ်ပြီး အမေဖြစ်သူကတော့ ကောင်လေးများနဲ့အီစီကလီလုပ်သည်...။
ဂျောင်ကုရဲ့မိသားစုကချမ်းသာပြီး ပြီးပြည့်စုံပေမဲ့ ကြင်နာနွေးထွေးမရှိပါ ဒါကြောင့်လဲ ဂျောင်ကုလေးဟာမငိုရတဲ့နေ့ဆိုတာမရှိသလောက်ရှားသည်...။
တစ်နေ့ သူအဖေက မူးယစ်ဆေးဝါးအလွန်သုံးတာကြောင့်ဆုံးပါးသွားခဲ့သည်...။
အဖေကလောင်းကစားအရမ်းဆော့သောကြောင့်လဲ သူတို့မိဘရဲ့စီးပွားရေးဟာ ပျိုလဲပျက်စီးကုန်သည်...။
အမေကလဲ ကျန်တဲ့အကြွေးတွေကိုဆပ်နိုင်အောင်ရရာအလုပ်ဝင်လုပ်ပြီး စားဝတ်နေရေးအတွက်ရှာသည်...။
" အမေရယ် နားလိုက်ပါလား နေလဲကောင်းတာမဟုတ်ဘူးလေ သားလဲအရွယ်ရောက်နေပြီ သားအလုပ်လုပ်ပြီးအကြွေးတွေကိုဆပ်ပါ့မယ်... "
" ဟင့်အင်း အမေဘာမှမဖြစ်ပါဘူး အကြွေးတွေကဒီဘဝဆပ်ရင်တောင်ကုန်မှာမဟုတ်ဘူးသားရဲ့ ပြီးတော့သားကိုအမေစိတ်မချနိုင်ဘူး "
ဟုတ်ပါသည် အမေပြောသလိုပဲ အကြွေးတွေက ဒီဘဝဆပ်ရင်တောင်ကုန်ပါ့မလားမသိ...။
" အမေရယ် "
" သားရယ် မငိုပါနဲ့ "
နေ့တွေတဖြည်းဖြည်းကုန်လာသလို အမေရဲ့ကျန်းမာရေးဟာလဲ ဆိုးသထက်ဆိုးလာသည်...။
သိပ်မကြာ အမေဟာ သူ၁၂နှစ်အရွယ်မှာဆုံးပါးသွားခဲ့သည် အမေနဲ့သူငှားနေခဲ့တဲ့အိမ်လေးကိုလဲမနေတော့...။
သူထိုနေ့ကစလို့ ရရာအချိန်ပိုင်းအလုပ်တွေကိုလုပ်ရင်းတနေ့တာကိုဖြတ်သန်းသည်...။
အကြွေးရှင်တွေလာတောင်းရင် ပြေးရသည်မှာအခါခါ အခုသူ့စားဝတ်နေရေးအတွက်တောင်အနိုင်နိုင်ဖြစ်နေသည်ကို အကြွေးဘယ်လိုဆပ်နိုင်ပါ့မလဲ...။
ဘာလိုလိုနဲ့သူတောင် အသက် 22နှစ်ရောက်ပြီ အချိန်တွေကုန်တာမြန်လိုက်တာ...။
YOU ARE READING
🚨 I Never Hate You 🚨