Unicobe
ဒုန်း!
စားပွဲခုံပေါ်ကို လက်သီးတင်းတင်းစုပ်ကာ ရိုက်ချလိုက်တဲ့ ထယ်ယောင်း ...။
" တောက်ခ် မင်းတို့တွေဒီလောက်တောင် အလုပ်ပေါ်မှာ စိတ်ဝင်စားမှုမရှိဘူးလား ဟမ် "
" တောင်းပန်ပါတယ် "
" Ceo! "
" ပြော "
" Mr.J နဲ့ချိန်းထားတာရှိတယ်ဆိုတာကိုလာသတိပေးတာပါ အခုသွားရမှာပါ Ceo "
" ကောင်းပြီ "
ထယ်ယောင်း ချိန်းထားတဲ့ အဆင့်မြင့်စားသောက်ဆိုင်ကိုမောင်းလာလိုက်သည် ...။
" Ceo V "
သူ့ကိုမြင်တာနဲ့ ဝန်ထမ်းတွေက ပြာပြာသလဲ ဦးညွှတ်လာတယ်လေ ဟက် ~ V ~ ဆိုတာနဲ့မသိတဲ့သူကခပ်ရှားရှားရယ် လူတွေကအဆင့်အတန်းရှိလို့သာ ဟန်ဆောင်လုပ်နေတာမဟုတ်ပါလား ?
ဒီလို လုပ်နေရတာကလဲ ရှင်းရှင်းလေးပါ ငွေဆိုတဲ့အရာကြောင့်ပဲလေ ...။
" အင်း ... "
" ဘာများအလိုရှိပါသလဲ "
" Mr.J နဲ့ချိန်းထားလို့ "
" ဟုတ်ကဲ့ ဟုတ်ကဲ့ "
ထယ်ယောင်းလဲပြောပြီး Mr.Jဆိုသူ ထိုင်နေတဲ့ VIP Room ထဲကိုဝင်လာလိုက်သည် ...။
" Mr.V လာပြီကိုး "
ပြောပြောဆိုဆိုနဲ့ထိုင်ရာကနေ ထပြီး ပြုံးပြလာတဲ့ Mr.J ...။
Mr.J ကသူနဲ့စီးပွားရေးလုပ်ဖော်ကိုင်ဖက်ဆိုလဲမမှား လူတွေကတော့ Mr.Jလို့သာသိထားကြသည် သူနာမည်အရင်းက ဂျောင်ဟိုဆော့ ...။
" အွန်း ~ "
Mr.J သဘောကျမိတယ် သူရဲ့လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ Mr.Vကို၊ လုပ်ဖော်ကိုင်ဖက်ဖြစ်လို့ ကပ်ဖားနေတာလဲမရှိသလို စကားကိုလဲလိုမှသာပြောတယ် တစ်ကယ့်ကို လူတွေပေးထားတဲ့ ရေခဲနှလုံးသားပိုင်ရှင် ဆိုတဲ့နာမည်နဲ့လိုက်ဖက်ပါပေ့ ...။
" အခုတခါလဲ ကျနော့်နဲ့အတူ အလုပ်လုပ်ဖို့ သဘောတူပေးတဲ့အတွက်ကျေးဇူးပါ "
" ဟုတ်ပါပြီ အလုပ်အကြောင်းဆွေးနွေးကြရအောင် Mr.J "
Mr.J နဲ့အလုပ်ကိစ္စဆွေးနွေးပြီး ကုမ္မဏီကိုလဲမသွားတော့ပဲ အိမ်ကိုပြန်အလာ ကြားလိုက်ရတဲ့စိတ်ညစ်စရာစကားတစ်ခွန်း ...။
YOU ARE READING
🚨 I Never Hate You 🚨