Unicobe
" မင်ဂျွန်း ~ "
" ဗျာ ကိုကို "
ခေါ်ပြီးတော့ပြန်မပြောလာတဲ့ကိုကိုကြောင့် မင်ဂျွန်းခပ်ဟဟရယ်ရင်း ...။
" ကိုကိုက ဘာပြောမို့လဲ "
" ဘာမှမဟုတ်တော့ဘူး "
" ကိုကိုကချစ်စရာကြီး မွ "
မင်ဂျွန်း ထယ်ယောင်းပါးကိုနမ်းလိုက်သည်နှင့်တပြိုင်နက် အခန်းထဲကနေထွက်လာတဲ့ဂျောင်ကု ...။
" ဂျွန် ... "
ကိုကို သူ့ကိုကြည့်နေတဲ့အကြည့်တွေက အံ့ဩခြင်းတွေ ထိတ်လန့်ခြင်းတွေနဲ့ ...။
** ကိုကိုနဲ့ပတ်သတ်ရင် ကျနော်ဘာမဆိုခွင့်လွှတ်ပြီးသားမို့ ကျနော်အထင်လွဲမှာကိုကြောက္မနေပါနဲ့ **
သူစိတ်ထဲကနေကိုယ့်ကိုကိုယ်နှစ်သိမ့်နေပေမဲ့ အပြင်မှာတော့မျက်ရည်တွေဟာတာကျိုးသလို ...။
ကျနော်က ကိုကိုနဲ့ပတ်သက်ရင်ပျော့ညံ့သူတစ်ယောက္မို့ ...။
ရင်ထဲကနာကျင်မှုတွေကိုလျစ်လျူရှုလို့မှမရပါပဲ မျက်ရည်တွေကြားအတတ်နိုင်ဆုံး ပြုံးလိုက်ရင်းအခန်းထဲပြန်ဝင်မဲ့အလုပ် ...။
" အင့် ~ "
" ဂျွန် "
ကိုကိုဟာ သူ့ကိုဆွဲလှည့်လိုက်တာမို့ သူရဲ့ကိုယ်ဟာ ကိုကို့ရင်ခွင်ထဲရောက်သွားရသည် ...။
" ဘာလို့ငိုနေတာလဲ "
" အီးဟီး ဟင့် "
ချော့ရင်ပိုငိုတယ်ဆိုတဲ့အတိုင်း ိကိုကို့ကိုဖက်တွယ်လို့ ငိုမိသည် ...။
ကိုကို့ရဲ့ရင်ခွင်ဟာ သူအတွက်အလုံခြုံဆုံးနေရာမို့ ဝမ်းနည်းသည်ဖြစ်စေ ရှက်သည်ဖြစ်စေ ပျော်သည်ဖြစ်စေ ကိုကို့ရင်ခွင်ထဲမှာပဲခိုအောင်းလို့နေချင်မိပါရဲ့ ...။
" အထင်မလွဲပါနဲ့ မင်ဂျွန်းက ိကိုယ့်အတွက်ညီလေးတစ်ယောက်ပါပဲ ဂျွန် "
" ကျနော်နားလည်တာမို့ မရှင်း
ပြပါနဲ့ "
သူ့ကိုမော့ကြည့်ရင်းပြောလာတဲ့ဂျွန်ရဲ့ မျက်ဝန်းတို့ဟာငိုထားတာကြောင့် ဖောင်းအစ်နေသည်၊ နီရဲရဲဖြစ်နေတဲ့နှာခေါင်းလုံးလေးက သူ့ကိုဆွဲဆောင်နေတာမို့ အသည်းယားစွာ ဆွဲကိုက္မိသည် ...။
YOU ARE READING
🚨 I Never Hate You 🚨