Unicobe
သူရဲ့စူးရှရှမျက်ဝန်းတွေနဲ့ဆုံမိသည့်အခိုက်၊ ထိုလူရဲ့မျက်ဝန်းတွေကလူတစ်ယောက်ကိုဖမ်းစားနိုင်တယ်...။
" ဘယ်ထိကြည့်ဖို့ရည်ရွယ်ထားတာလဲ ကောင်လေး "
ပြောလာတဲ့ ထိုလူရဲ့အသံခပ်ဩဩ...။
" တောင်းပန်ပါတယ်ဗျ "
" မင်းက အခုဘယ်သွားမှာလဲ "
" သွားစရာနေရာတော့မရှိဘူး "
ထယ်ယောင်းက အမြဲတမ်းခပ်တည်တည်နေပေမဲ့ ကြင်နာတတ်တဲ့စိတ်အခံလေးတော့ရှိသည်...။
" အော် "
ငယ်ငယ်လေးကတည်းက သူများကိုယ်ရေးကိုယ်တာကိုစပ်စုလေ့မရှိတာမို့ ခေါင်းလေးသာငြိမ့်ပြလိုက်တယ်...။
" သူဌေးလေးဆီမှာ အလုပ်လုပ်ဖို့နေရာရှိမယ်ဆိုရင်လုပ်ချင်ပါတယ် "
" မင်းက တစ်ကယ်လုပ်ချင်တာ လား "
အရှေ့ကနေ ခေါင်းငြိမ့်ပြတဲ့ကောင်လေး၊ မင်းကသိပ်ချစ်ဖို့ကောင်းတာပဲ မင်းကကိုယ့်ကိုဘာလို့အဲ့လောက်တောင်ပြုစားနိုင်ရတာလဲ ကောင်လေး...။
" ကောင်းပြီလေ ဝူယောင်း သူ့ကိုအပြန်ငါအိမ်မှာထားပြီး အလုပ်သမားနေရာမှာခန့်လိုက် "
" ဟုတ်ကဲ့ပါ သူဌေးလေး "
" ကျေးဇူးအများကြီးတင်ပါတယ် သူဌေးလေး "
ထယ်ယောင်းကတော့ ခေါင်းသာငြိမ့်ပြလိုက်သည်၊ သူထိုကောင်လေးနဲ့တွေ့မှဘာဖြစ်နေလဲမသိတော့ဘူး...။
ဝူယောင်း ထယ်ယောင်းကို ကုမ္မဏီလိုက်ပို့ပြီး သူထိုကောင်လေးကို ကင်အိမ်တော်ကိုခေါ်လာခဲ့သည်...။
" အားလုံးကိုမိတ်ဆက်ပေးမယ် ဒါက အလုပ်သမားအသစ် "
" ဟုတ် ဂျွန်ဂျောင်ကုပါ "
ဝူယောင်း ဂျောင်ကုကိုရေချိုးခိုင်းပြီးဝတ်ရမဲ့အဝတ်အစားထုတ်ပေးကာကင်အိမ်တော်ရဲ့စည်းမျဉ်းစည်းကမ်းတွေကို ပြောရတယ်...။
" သူဌေးလေးက ဆူညံတာကိုမကြိုက်ဘူး အလုပ်ကိုလဲသေချာလုပ် သူဌေးလေးကနဲနဲလေးမှားရင်တောင်စိတ်တိုတတ်တာမို့ အမှားတစ်ခုတောင်မလုပ်မိပါစေနဲ့ ဒီလောက်ပဲသိထား "
ESTÁS LEYENDO
🚨 I Never Hate You 🚨