Zawgyi //
" နှုတ်ဆက်ခဲ့ပါတယ် မောင် "
လေယာဉ်ပြတင်းပေါက်ကနေတစ်ဆင့် တိမ်တွေကိုငေးကြည့်ပြီး လေယာဉ်ထွက်မယ့်အချိန်ကိုစောင့်ရင်း သူစိတ်လှုပ်ရှားမိသည် ။
မောင်သာသူ့ကိုချစ်ခဲ့မယ်ဆိုရင် ဒီခရီးကိုသူရွေးချယ်မိပါ့မလား ။
မောင့်မှာသာ သူ့အတွက်နေရာရှိခဲ့ရင် ..
" ဒါခင်ဗျားနေရာလား ။ ကျွန်တော် အခုမှလေယာဉ်စစီးတာမို့ ပြတင်းပေါက်ဖက်အခြမ်းမှာ ပေးထိုင်လို့ရမလား "
" မောင်... မောင်လားဟင် "
တိုးတိုးလေးရေရွတ်ရင်းကြောင်အနေပြီးမှ ခေါင်းကိုခါရမ်းပစ်လိုက်သည် ။ ထပ်ပြီး ထင်ယောင်ထင်မှားတွေဖြစ်ပြန်ပြီလား ။
" ထိုင်ပါ "
နေရာရွှေ့ပေးပြီးတာနဲ့ မျက်လုံးကာကိုဝတ်ပြီး နားကြပ်တပ်ကာ ဘာမှမတွေးဘဲအိပ်ပျော်ဖို့ပဲကြိုးစားလိုက်သည် ။
သက်တောင့်သက်ဖြစ်နေတဲ့စိတ်ကြောင့်လား ၊ စိတ်ဖိစီးခဲ့တာတွေများခဲ့လို့ပဲလား လေယာဉ်ပျံသန်းတာတောင်မသိဘဲ နှစ်ခြိုက်စွာအိပ်ပျော်နေမိတဲ့သူက ပြင်သစ်ကိုလေယာဉ်ဆိုက်ပြီဆိုတာတောင်မသိပါဘဲ စိတ်ချလက်ချကိုအိပ်ပျော်နေခဲ့မိတာ ။
laggage တစ်လုံးကိုဆွဲပြီး လေယာဉ်ပေါ်ကနေဆင်းလာတဲ့အချိန်ခဏထိတော့ သူ့စိတ်တွေလန်းဆန်းနေဆဲပဲ ။
" ခရီးသွားတိုင်းခုလိုပဲ စိတ်ချလက်ချအိပ်တာလား "
" ဟင် .. "
အနားကိုရောက်လာတဲ့ လေယာဉ်အတူစီးခဲ့တဲ့ထိုလူ ။ ဘယ်လိုပဲကြည့်ကြည့်မောင့်မျက်နှာပဲမြင်နေရတာမို့ အာမေဋိတ်သံတစ်ခုသာသူ့ဆီမှထွက်လာခဲ့သည် ။
" လူတစ်ယောက်လုံးလိုက်လာတာကို လျစ်လျှူရှူ့ပြီးစိတ်ချလက်ချအိပ်ပျော်တာလား ။ အဲ့လောက်မြန်မြန်ကြီး ဟျောင်းကသွေးအေးသွားလိမ့်မယ်လို့မထင်ခဲ့မိဘူး "
" ဟျောင်း.. ဟျောင်း ? ငါ့... ငါ့ကိုလား "
" အခုထိထင်ယောင်ထင်မှားဖြစ်တယ်လို့ထင်နေတုန်းလား "