ep-04

2.6K 340 110
                                    

Zawgyi //

" မာသာ .. ချူချူဟျောင်းကို ဟိုအန်တီကြီးတွေဆီ မပေးလိုက်ပါနဲ့နော် ။ ဟင့် .. ကုကီ ချူချူဟျောင်းမရှိရင် ပျော်မှာမဟုတ်ဘူး မာသာရဲ့ "

မာသာဆွန်းရဲ့လက်ကိုဆွဲပြီး ရှိုက်သံလေးတွေထွက်ကာ တောင်းဆိုနေတဲ့ကလေးငယ်ရဲ့ မျက်ဝန်းတွေကမျှော်လင့်ချက်တွေနဲ့ပြည့်နေခဲ့တာ ။ သူခင်တွယ်ရှာတဲ့ချူချူဟျောင်းကိုတစ်လှည့် မာသာ့ကိုတစ်လှည့်ကြည့်ပြီး တောင်းဆိုနေတဲ့ပုံလေးက သနားဖို့ကောင်းလိုက်ပါဘိနဲ့ ။

" ကုကီလေးရဲ့ချူချူဟျောင်းက သူ့ကိုမွေးစားမယ့်မိဘတွေရှာတွေ့သွားပြီကုကီလေးရဲ့ ။ ကုကီလေးလည်း တစ်နေ့နေ့ကျ ရှာတွေ့မှာပါကွယ် "

" ဟင့်အင်း ကုကီက ချူချူဟျောင်းနဲ့ပဲနေမှာ ။ ချူချူဟျောင်း .. ချူချူဟျောင်း လိုက်မသွားပါနဲ့နော် ။ ကုကီ ချူချူဟျောင်းကိုမခွဲနိုင်ဘူး ။ ဟင့်.. ချူချူဟျောင်းပြောတော့ ကုကီနဲ့အမြဲနေမှာဆို "

မာသာ့ဘေးကနေပြီး သူ့ချူချူဟျောင်းဆီပြေးကာ လိုက်မသွားဖို့အမျိုးမျိုးပြောဆိုနေတဲ့ကုကီကိုကြည့်ပြီး မာသာလည်းမျက်ရည်ဝဲရသည် ။

" မာသာ .. ချူချူမလိုက်လို့မရဘူးလားဟင်  "

ငိုမဲ့မဲ့လေးမေးလာရှာတဲ့ချူချူ့ရှေ့မှာ မာသာကဒူးထောက်ပြီးထိုင်လိုက်သည် ။

" မာသာတို့စာချုပ်မှာလက်မှတ်ထိုးပြီးပြီ ချူချူ ။ မကြာခင် ချူချူ့ရဲ့မွေးစားမိဘတွေလာခေါ်ကြတော့မှာ "

" ဟင့်အင်း .. ချူချူဟျောင်းကိုခေါ်သွားလို့မရဘူး ။ ချူချူဟျောင်းကိုရှာမတွေ့ရင် သူတို့ခေါ်သွားလို့မရဘူးမလား မာသာ ။ ချူချူဟျောင်းကို ကုကီဖွက်ပေးထားမယ်နော် "

ပြောပြီးချူချူဟျောင်းရဲ့လက်ကိုဆွဲကာ ဂေဟာအနောက်ဘက်ဆီဦးတည်ပြေးတဲ့ကုကီရယ်ပါ ။ ငါးနှစ်သားကုကီလေးရဲ့စိတ်ထဲမှာ သူ့ဟျောင်းကိုရှာမတွေ့အောင်ဖွက်ထားလိုက်ရင် ခေါ်သွားလို့မရတော့ဘူးဆိုတဲ့အတွေးပဲရှိနေတာကိုး.. ။

" အို.. ကုကီ ။ ဒီကိုပြန်လာခဲ့စမ်း ကုကီ.. ကုကီရေ ။ တားကြပါဦး မာသာတို့ရယ် ..  "

IF YOU LOVE ME.... ( Completed )Onde histórias criam vida. Descubra agora