အပိုင်း(၄၈)

2.1K 57 0
                                    

- ခလေးရာ..

ထည်ဝါ ရင်ခွင်ထဲကို ဟေဝန်အား ဆွဲသွင်းလိုက်ရင်း တုန်ရီစွာ ငိုနေတဲ့ ဟေဝန်ရဲ့ ကိုယ်လေးကို တင်းကြပ် စွာ ဖတ်ထားလိုက်တယ်...

ရင်ခွင်ထဲမှာ ငြိမ်ငြိမ်လေးနေ နေတဲ့ ဟေဝန့်ကို ကြည့်ပီး ထည်ဝါ ပြုံးလိုက်မိပြန်သည်...
" ခုထိ မင်းကဦးကိုပြုံးအောင်လုပ်နိုင်တုန်းပဲ.."

...

" ခနလောက်တော့နေခွင့်ပြုပါ..ဒီနားခိုစရာ ရင်ခွင်ထဲမှာ..ကျနော်မူးနေတုန်း ကောင်းပြတာ ကျနော်မလိုချင်ဘူး..ကျနော်မမူးဘူး..ကျနော်မမူးပါဘူး..အမှန်တိုင်းတွေပြောနေခဲ့တာ..2 နှစ်တောင်လိုက်ရှာခဲ့ပီးမှ ပြန်တွေ့လိုက်ရတော့..မင်္ဂလာတောင်ဆောင်တော့မှာတဲ့လား..ဘယ်ပျောက်ရှသွားလဲ..ကျနော့ရဲ့စောက်ရူးထတဲ့ခံစားချက်တွေ..ပူလောင်နေတာထက်ကို မီးနဲ့လောင်မြိုက်နေသလားပဲ..ရက်စက်တယ်..ဦးရယ်..ခင်ဗျားကြီးရက်စက်တယ်.."

- ဘာလို့လဲ..??

အငိုတိတ်သွားခဲ့ပေမဲ့ ရင်ခွင်ထဲကနေ အစမရှိအဆုံးမရှိ.ပြောလာတဲ့ ဟေဝန့်ရဲ့.စကားသံ..

- ဘာကိုလဲ..

ထည်ဝါ နားမလည်လို့မေးလိုက်ပေမဲ့ ရင်ခွင်ထဲက ဟေဝန်ကတော့ မဲ့ပြုံးလေးတချက်ပြုံးလိုက်မိသည်..

- ဘာလို့ ခုကြမှ ကောင်းပြနေတာလဲ..

ရင်ခွင်ထဲမှ ထွက်လိုက်ပီး ထည်ဝါရဲ့ မျက်နှာကိုတည့်တည့်ကြည့်ကာ..

- မလိုချင်ဘူး..သနားနေတဲ့ ခင်ဗျားရဲ့စိတ်တွေ ဖျောက်ပစ်ပေးပါလား..

မျက်နှာပြန်လွှဲကာ..အရက်ခွက်ကို မော့သောက်လိုက်သည်..
ထည်ဝါ ထိုအတိုင်းသာ ဟေဝန်အားကြည့်နေရင်းး

- နန်းထိပ်ထားနဲ့ ဘယ်တော့ကွာရှင်းမှာလဲ..

- အဟက်..ဟင့်အင် ဘယ်တော့မှ မကွာရှင်း​ပေးဘူး..ခင်ဗျားတောင်လက်ထပ်တော့မှာပဲ..ကျနော်က ဘာလို့ကွာရှင်းရမှာလဲ...ကွားရှင်းလိုက်ရင် ကျနော်ရှုံးသွားလိမ့်မယ်...

ထည်ဝါ ခေါင်းခါလိုက်ရင်း

- ဦးဘက်က အရှုံးပေးပီးသားပါ..မင်းသာ ကွာရှင်းလိုက်..

ပိုင်ဆိုင်ချင်တယ် ဦးး♥Where stories live. Discover now