အပိုင်း(၄၇)

1.6K 52 0
                                    

ဟေဝန့်ရဲ့ အပေါ်နှခမ်း အောက်နှခမ်းတွေကအစ လျှာဖျားလေးတွေအား..စုပ်ယူနေတဲ့ ထည်ဝါ တစ်ယောက် ဟေဝန် ဘက်မှလဲ အနမ်းတွေဖလှယ်နေမိသည်..ထိုအနမ်းတွေထက် တဆင့်တက်ချင်နေသည့် ဟေဝန်ရဲ့လက်တွေ ဦးရဲ့ ကျောပြင်တလျှောက် ပွတ်သပ်နေခဲ့တယ်..

ထိုအချိန်..ထည်ဝါဘက်မှ အနမ်းတွေရပ်ပစ်လိုက်ပီး..ဟေဝန်ကိုကျော်ကာ sofa ပေါ် ခြေ ချိတ်ထိုင်လိုက်သည်...

- မင်းစွန့်ပစ်ခဲ့တဲ့ အနမ်းတွေကို လွမ်းနေတာလား..အဟက်..

ကျောပေးကာ ရပ်ကျန်နေခဲ့တဲ့ ဟေဝန်မှာတော့..

" ဟုတ်တယ်..မရှက်တမ်းဝန်ခံရရင်း ခင်ဗျားအနမ်းတွေကို လွမ်းနေခဲ့တာလေ.."

ဟေဝန် စိတ်ထဲမှ ပြောလိုက်ပေမဲ့ အပြင်ပိုင်းမှာတော့..
ထည်ဝါ့ဘက် ရုပ်တည်ဖြင့် လှည့်ကြည့်လိုက်သည်..

- လွမ်းနေတာလား?? ဟုပ်လားးလွမ်းတယ်ဆိုတာ ဘယ်လိုမျိုးလဲဟင်..

ခနဲ့တဲ့တဲ့ အသံဖြင့် ဟေဝန်ပြောလိုက် သူ့ရဲ့ အလုပ်ခုံဆီ လျှောက်သွားလိုက်တယ်..
ထို့နောက် ထိုင်ခုံမှာ ဝင်ထိုင်လိုက်ပီး

- ပြောပါအုံး ဘာကိစ္စလဲ..

ထည်ဝါရဲ့ မဲ့ပြုံးလေးတချက်..

- မနက်က ဟိုဘက်မှာလဲ meeting ရှိလို့ မလာလိုက်ရဘူး..အခုမှ.. ရောက်ဖြစ်တယ်..

ဟေဝန် အ့သြမိသည်ကအမှန်..အောင့်ရဲ့ မွေးစားအစ်ကို ဆိုတာ..ဦးလား..

- ဒါဆို royal ကုမ္ပဏီ ရဲ့ အကြီးဆုံးက ခင်ဗျားလား..

- ဘာလဲ..မယုံလို့လား..အဟားးမင်းက ဦးကိုခုထိ အထင်သေးတုန်းပဲကွာ..

ထည်ဝါ ထိုင်နေရာမှ ထရပ်လိုက်ပီး..ဘောင်းဘီအိပ်ကတ်ထဲ လက်ထည့်ကာ..ဟေဝန်ဆီသို့ smark ကျစွာ ဖြေးဖြေးချင်းလျှောက်လာခဲ့ပီး..
ဟေဝန် ရဲ့အလုပ်စားပွဲပေါ် ထိုင်လိုက်သည်..ထို့နောက် ထည်ဝါ အနည်းငယ်ခါးကိုင်းလိုက်ပီး ဟေဝန်မျက်နှာအနီးသို့ ကပ်လိုက်ကာ..ဟေဝန် မျက်လုံးတို့ မှိတ်ချလိုက်သည်..

- နောက်လ ဦး မင်္ဂလာ ဆောင်တော့မယ်...

မထင်မှတ်တဲ့ စကားသံနှင့်အတူ..မှိတ်ထားတဲ့မျက်ဝန်းတို့ ပွင့်လာခဲ့သည်..ဘာလို့လဲမသိဘူး..ရင်ထဲက စို့တက်လာကာဝမ်းနည်းမှုတို့က စတင်လာခဲ့တယ်..ကျနော်မတရားဘူးမလား..ကျနော်တောင် လက်ထပ်သေးတာပဲ..ဒါပေမဲ့..ဦးကိုတော့..ဟင့်အင် မဟုပ်ဘူးလို့ ပြန်ပြောပေးပါလားဟင်..အဲဒိစကားက တကယ်မဟုပ်ပါဘူးလို့..

ပိုင်ဆိုင်ချင်တယ် ဦးး♥Where stories live. Discover now