အပိုင်း(၂၅)

1.2K 52 1
                                    

နေရောင်ခြည်ရဲ့အလင်းဟာ လိုက်ကာတွေကြားမှ ထိုးဖောက်လာခဲ့သည်..ဟေဝန် နိုးရန်အစပြုလိုက်ပီလေ...
မျက်လုံးပွင့်လာတာနဲ့အမျှ ဒီရင်ဘတ်ထဲက စူးအာင့်အောင့်လာတယ်..ခံစားချက်က ခုထက်ထိ မကုန်သေးပဲကို..
ဟေဝန် နှခမ်းလေးကို ကွေးညွှတ် လိုက်သည်..
ဘေးပတ်လည်ကို ဝေ့ကြည့်လိုက်တော့ sofaပေါ်မှာ အိပ်ပျော်နေတဲ့ အောင်ကို တွေ့ရတယ် သူမပြန်ခဲ့ဘူးလားပေါ့ သူအတွက်ကိုယ်က နာကျင်စရာတွေအမြဲပေး​ေနတက်တယ် အားနာမိပါရဲ့..အောင်

အောင်နိူးလာပီထင်ပါရဲ့ အင်းအင်းအဲအဲ..အသံတွေကြားနေရပီ..

- ​သြော်.. ဟေဝန် မင်းနိုးလာပီလား..ငါလဲအိပ်ပျော်သွားတယ်..ဗိုက်ရော စာနေပီလား..

အောင်ထကာ..ဟေဝန်ရဲ့ ကုတင်ပေါ်ဘေးတဆောင်းထိုင်လိုက်ပီ..ဟေဝန်ရဲ့ ဆံပင် လေးတွေကို ကိုင်ကာ မေးလိုက်သည်

- ငါတခုခု စီစဥ်ပေးမယ်လေ..မင်းဘာစားချင်လဲ.
- ဟင့် အင် ငါမစားချင်ဘူး.အဟွတ်.ဟွတ်.စားလဲဝင်မယ်မထင်ဘူးအောင်...
- ဟေဝန်ရာ..သူ့အတွက်မဟုပ်တဲ့ ကိုယ့်ကို ကိုယ့် ငြင့းပန်းနှိပ်စက်နေတာ ရပ်တန့်ကရပ်လိုက်တော့..ဖြစ်နိုင်ရင်မေ့ပစ်လိုက်ပါ..ကိုယ့်ကို တယောက်ထဲနေနိုင်အောင်သင်ပေးခဲ့တဲ့လူတယောက်ကိုပြန်လာဖို့ ဘာလို့အပင်ပန်းခံချင်နေရတာလဲ..
- အောင် မင်းသိလား..ညကအိမ်မက်ထဲမှာ..ဦးကငါ့ဆီပြန်လာတယ်ကွ...ပီးတော့တောင်းပန်စကားတွေ ငါ့ကိုပြောနေခဲ့တယ်..အဟွတ်..နောက်ပီး.နောက်ပီး.ဦးငါမသိတုန်း ငါ့ရဲ့နဖူးလေးကို နမ်းရှိုက်ခဲ့တယ်..ဒါ ဘယ်လောက်တောင်ပျော်စရာကောင်းလဲ..အဟက်
သိပ်လှတဲ့ အိမ်မက်လေးလေ..ငါပြန်မနိုးထချင်တော့ဘူး..အောင် ဒါပေမဲ့ ငါနိူးလာခဲ့ပီ...အိမ်မက်လေးပျက်ပြယ်သွားခဲ့ပီအောင်..ဘယ်တော့မှ ပြန်မရတော့တဲ့ ဦးနဲ့ အဲဒိ အိမ်မက်လေး..

ဟေဝန် အောင့်ကိုကျောခိုင်းကာ..တဖတ်ခြမ်းသို့လှည့်သွားသည်..သူဝမ်းနည်းနေတာလေ..တ​ခြားသူရှေ့ မျက်ရည်မကျစေချင်တော့ဘူး..

- အတိတ်တွေကိုအတက်နိုင်ဆုးံမေ့ပစ်လိုက်ပါဟေဝန် ဒါမင်းအတွက်ကောင်းတဲ့လုပ်ရပ်ဖြစ်လာမှာပါ..

ပိုင်ဆိုင်ချင်တယ် ဦးး♥Where stories live. Discover now