အပိုင်း(၃၄)

1.1K 42 0
                                    

- တောက်..!! ဒီကောင် ငါ့ကိုကျောသွားတာ မြို့တခုလုံးနှံ့နေပီ..ခုထိ ရှာလို့မတွေ့သေးဘူး..နင်တို့ကိုကအသုံးမကျတာ.သုံးရက်ရှိနေပီခုထိ ရှာလို့မတွေ့ဘူး..တောက်!!.ဟေဝန် ဟေဝန် ငါပြောထားရက်သားနဲ့ ခုတော့ မျက်နှာစရာတွေဖြစ်ကုန်ပီ..နောက်တပတ်နေရင် ပဲ မျိုးနွယ်ကို ဆက်ခံရတော့မှာ.. ငါ အကြီးအကဲတွေကို ဘယ်လိုမျဿ်နှာ ပြရမလဲ..

ဒေါ်သဇင်သွေး..ဒေါသတွေထွက်ကာ..သူ့ရဲ့ လူတွေအား ဆူနေတော့သည်

-မယ်တော်..စိတ်လျှော့ပါအုံးနော်..သားတော် လေးကသူချစ်တဲ့သူဆီသွားခဲ့တာ မမှားပါဘူးမယ်တော် ခွင့်လွှတ်ပေးပါ..

- ဘာ ခွင့်လွှတ်ပေးရမယ်..နင့်သားအဲ့ဟိုကောင် နောက်လိုက်သွားတာ နင်အစကတည်းက သိနေတယ်မဟုပ်လား..ငါမပြောဘူးဆိုတာ နင်အကောင်းမှတ်မနေနဲ့..တောက်..! အမေလိုပဲ.အဆင့်မရှိတဲ့ ကောင်ကို ရွေးသွားပြန်ပီ..အဲဒါနင့်ကြောင့်..နင့်ကြောင့်ဟဲ့

ဒေါ်သဇင်သွေး..ဒေဝီ ကိုပုခုံးမှ ကိုင်စွဲကာ..အသကုန်လှုပ်ရမ်းနေတာကြောင့်..ဒေဝီ မယ်တော်လက်မှ လွှတ်ရန် ရုန်းထွက်နေရင်းမှ..တွန်းချခံလိုက်ရသည်..
ဒေဝီ..မျက်ရည်တွေကြားမှ..

- မဟုပ်ပါဘူးမယ်တော်ရယ်..ဒေဝီကိုပဲပြောပါ..သားကိုတော့ မပြောပါနဲ့နော်..ဒေဝီတောင်းပန်ပါတယ်..
- ဒီအမေက ထွက်တော့ ဒီပုံအတိုင်းပဲ လာခဲ့မှာ ငါသိသင့်တယ်..နင့်ကို မွေးစားခဲ့တာ ငါနောင်တရလို့မဆုးံဘူး..သိရဲ့လား..

ဒေဝီရော ဒေါ်သဇင်သွေးပါ..ငိုကြွေးရင်း..ထိုနေရာမှာပဲ..ဒေဝီ မယ်တော့်ရဲ့ ေခြထောက်ကိုကိုင်ပီး..တောင်းပန်နေမိသည်..

- မပြောပါနဲ့..မယ်တော်..အဲလို​​ေတွမပြောပါနဲ့.ဒေဝီကြောင့်.ဒေဝီ ကြောင့် မယ်တော် ခုလိုတွေအရှက်ကွဲနေရတာပါ..တောင်းပန်ပါတယ်..အဲစကားတွေထပ်မပြောပါနဲ့လား..ဟင်မယ်တော် ဒေဝီကို မွေးစားခဲ့တာ နောင်တ ရတယ်ဆိုရင်..ဒေဝီလေ..ဒေဝီ အဝေးဆုးံကိုထွက်သွားပေးပ့မယ်...

ပြောရင်းနဲ့မတ်တပ်ထရပ်လိုက်ပီး..မျက်ရည်တွေသုပ်ကာ..အိမ်အပြင်ဘက်ထွက် ဖို့ပြင်လိုက်ပေမဲ့..
နောက်ကနေ ပြောလိုက်တဲ့ စကားကြောင့် ဒေဝီ ခြေလမ်းတွေ ထိုနေရာမှာပဲ ရပ်တန့်သွားခဲ့သည်

ပိုင်ဆိုင်ချင်တယ် ဦးး♥Where stories live. Discover now