7

1.1K 110 18
                                    

Unicode

နှလုံးသားဖြင့် သီကုံးသော

2021 ခုနှစ်

"ငါလာတယ် ဂျယ်နို... မင်းကို မိတ်ဆက်ပေးစရာ လူတစ်ယောက်လည်းပါတယ်"

သစ်ပင်ခြေရင်းက ဂျယ်နိုဓါတ်ပုံလေးကို ကြည့်ပြီး ဂျယ်မင်းပြောမိသည်။

"အစ်ကို ဂျယ်ဟျွန်း... သူက လီဂျယ်နိုတဲ့"

"ပထမဆုံးတွေ့ဖူးတာပါ... ဂျောင်ဂျယ်ဟျွန်းလို့ ခေါ်ပါတယ်"

ဂျယ်နိုရဲ့ ဓါတ်ပုံလေးကို အရိုအသေပေးပြီး မိတ်ဆက်တဲ့ ဂျယ်ဟျွန်းက ဂျယ်နိုနဲ့ တကယ်တွေ့ရသလို စကားပြောသည်။

"အစ်ကို ဂျယ်ဟျွန်းက ငါ့အစ်ကိုရင်းလိုပဲ... နယ်သာလန်မှာ နေတဲ့တောက်လျှောက် အခက်အခဲဖြစ်တိုင်း ငါ့ကိုကူညီစောင့်ရှောက်ပေးနေတာ"

"ဂျယ်နိုရဲ့ အကြောင်းကို ကျွန်တော်အများကြီးကြားဖူးပါတယ်... ဂျယ်မင်းပြောပြထားလို့ ဂျယ်နိုက ဘယ်လောက်ထိ စိတ်သဘောထားပြည့်ဝလည်းဆိုတာ သိပါတယ်"

ဂျယ်ဟျွန်းရဲ့စကားကိုကြားတော့ ဂျယ်မင်းတွေတွေလေး ဂျယ်နိုရဲ့ဓါတ်ပုံကို ငေးကြည့်မိသည်။ ပြုံးနေတဲ့ဂျယ်နိုက ဘယ်အချိန်ကြည့်ကြည့် ငြိမ်းချမ်းနေတာပဲ...

"အခုလာတာ ပြောစရာရှိလို့..."

ဂျယ်မင်း စကားဆက်သည်။

"ငါ နယ်သာလန်ကို ပြန်ရတော့မယ် ဂျယ်နို..."

အဖြေပြန်မပေးနိုင်တဲ့ ဂျယ်နိုရဲ့ ပုံကိုကြည့်ပြီး ဂျယ်မင်းရင်ထဲ မွန်းကြပ်လာသည်။

"ဒီမှာ လုပ်စရာရှိတာတွေ လုပ်ပြီးပြီဆိုတော့ ငါပြန်သွားရတော့မယ်... အဲ့တာ မင်းကိုလာနှုတ်ဆက်တာ..."

နှုတ်ဆက်စကားက လေးပင်နေပေမယ့် ဓါတ်ပုံထဲက ဂျယ်နိုကတော့ ပြုံးနေဆဲ...

"ဒါပေမယ့် ကတိပေးတယ်... ငါပြန်လာမှာ ဂျယ်နို... ငါမင်းဆီ ကျိန်းသေပြန်လာမှာ"

ရင်ထဲမွန်းကြပ်လာတော့ မျက်ရည်တွေက မဖိတ်ခေါ်ဘဲ စီးဆင်းလာခဲ့သည်။ ဂျယ်မင်း ပါးပြင်ပေါ်က မျက်ရည်တွေကို သုတ်မယ့်အစား ဂျယ်နိုကိုသာ ငေးကြည့်နေသည်။

Written By Heart [NoMin]Where stories live. Discover now