4

640 97 2
                                    

Unicode

နှလုံးသားဖြင့် သီကုံးသော

*လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ စက်ပိတ်ထားပါတယ်ရှင်*

"ကျစ်... ဘယ်လိုဖြစ်တာလဲ"

အခါ၁၀၀လောက်ခေါ်နေတဲ့ဖုန်းက စက်ပိတ်ထားပါသည်ဆိုတာပဲ ပြောနေတာမို့ စိတ်ရှုပ်စွာနဲ့ ညီးတွားလိုက်သည်။ လေယာဥ်ဆိုက်တာ ၁နာရီကျော်တောင် ရှိပြီဖြစ်ပေမယ့် လာကြိုတဲ့သူကို အရိပ်တောင်မတွေ့သေး...

နောက်ဆုံးတော့ စိတ်လျော့ပြီး တက္ကဆီငှားသွားဖို့သာ ဆုံးဖြတ်လိုက်သည်။ လေဆိပ်ကထွက်ဖို့ တက္ကဆီဂိတ်ကို သွားတော့...

'အစ်ကိုလေး ဂျယ်မင်းလားမသိဘူး'

ကောင်လေးတစ်ယောက်က ဂျယ်မင်းကို လာမေးသည်။

"ဟုတ်ပါတယ်..."

'ကျွန်တော်က လာကြိုဖို့ ပြောထားတဲ့တစ်ယောက်ပါ...'

"အခုမှလာရအောင် ဘာတွေလုပ်နေတာလဲ? ဖုန်းက စက်ပိတ်ထားတယ်ဆိုလို့ လေဆိပ်မှာ ၁နာရီကျော်တောင် စောင့်လိုက်ရတယ်..."

'တောင်းပန်ပါတယ် အစ်ကိုလေး... ကျွန်တော့်ဖုန်းက အားကုန်သွားတာ မသိလိုက်လို့ပါ'

ဂျယ်မင်းစိတ်တိုတိုနဲ့ အော်တော့ ထိုကောင်လေးက မျက်နှာငယ်နဲ့ တောင်းပန်ရှာသည်။ ဆူလို့လည်း ဘာမှထူးမှာမဟုတ်တဲ့အတွက် စိတ်သာလျော့လိုက်သည်။

"ငါ့အထုပ်သယ်လာခဲ့... ကားကဘယ်မှာလဲ?"

'ဟိုနားမှာပါအစ်ကိုလေး'

ပြာပြာသလဲနဲ့ ဂျယ်မင်းရဲ့ lagage ကိုယူပြီး လမ်းပြတဲ့ ကောင်လေးရဲ့နောက်ကို လိုက်သွားသည်။ ကားပေါ်ရောက်တော့ စိတ်ရှုပ်နေတာ ပြေလို့ပြေငြား မျက်စိမှိတ်ထားလိုက်သည်။

*တီ တီ တီ တီ*

အနားပေးမယ့် မျက်လုံးတွေကို ဖွင့်လိုက်ပြီး ဖုန်းဝင်လာတာကိုကြည့်လိုက်တော့ ဖုန်းခေါ်သူက အစ်ကို ဂျယ်ဟျွန်း...

"ဟဲလို အစ်ကို"

"ရောက်ပြီလား ဂျယ်မင်း"

"အခုမှ အိမ်ကို သွားတုန်းပါ...အစ်ကိုရော လေယာဥ်လက်မှတ် ဝယ်ပြီးပြီလား?"

Written By Heart [NoMin]Where stories live. Discover now