Part 34-နှစ်ခါတောင်ငြင်းခဲ့တယ်?!။

20.6K 2.7K 98
                                    

Unicode

"လောင်ထရန်း အကို့မှာအချိန်ရှိတာသေချာရဲ့လား။" ဒန်နီရယ်ကသူ့ယောကျာ်းရဲ့ဆံပင်တွေနဲ့ကစားရင်းမေးတယ်။မနက်စောစောတုန်းက အယ်လ်ဖာကသူမအားဘူးလို့ပြောတယ်။ဒါပေမဲ့ ၅နာရီလောက်ကြာတော့ အိမ်ပြန်ရောက်လာပြီး အားတယ်လို့ပြောတယ်။ဥယျာဉ်ထဲမှာလေကောင်းလေသန့်ရှုရှိုက်ရင်း အယ်လ်ဖာကဒန်နီရယ်နဲ့မင်မင်နဲ့တူတူ ကြည်နူးနေသေးတယ်။

"အင်း" အယ်လ်ဖာကမျက်လုံးကိုမှိတ်ထားရင်း ရိုးရိုးတန်းတန်းပြန်ဖြေလိုက်တယ်။ဒန်နီရယ့်လက်တွေကသူ့ဆံပင်ကိုထိတွေ့နေတဲ့ခံစားချက်ကိုတကယ်ကြိုက်တယ်။

"ဟုတ်ပြီလေ။အဲ့ဒါလည်းကောင်းတာပဲ။ကျွန်တော့်အမေနဲ့အဖေကို အကိုတွေ့လို့ရတာပေါ့။အဖိုးကိုလည်းဖိတ်ထားတယ်။အဖိုးကကျွန်တော် မင်မင်နဲ့ပြန်ရောက်နေတယ်ဆိုတာမသိသေးဘူး။" ဒန်နီရယ်ကပြောတယ်။သူ့ရဲ့အသံမှာစိတ်လှုပ်ရှားမှုတောင်ပေါ်နေတယ်။သူ့ရဲ့မွေးစားမိဘတွေနဲ့မတွေ့ရတာ၅နှစ်ရှိနေပြီးတော့ အခုသူ့မှာချစ်စရာကောင်းတဲ့သားလေးရှိနေပြီဆိုတာပြောပြဖို့စိတ်လှုပ်ရှားနေတယ်။

ဒါပေါ့။ဒန်နီရယ်ကသူတို့ဘယ်လိုပြုမူမလဲဆိုတာတွေးပြီးကြောက်နေတာပေါ့။ဒါပေမဲ့လည်း စိတ်လှုပ်ရှားနေတုန်းပဲ။ပြီးတော့ သူ့အဖိုးကလည်း မြစ်ကလေးရပြီးဆိုတာသိရင် အရမ်းပျော်မှာ။

"ဟမ်း၊ ကိုယ်တို့အကြောင်းသူတို့ကိုပြောလိုက်ပြီလား။" ဒန်နီရယ်ရဲ့မျက်နှာလေးကိုကြည့်ဖို့ လောင်ထရန်းကမျက်လုံးဖွင့်ရင်း မေးလိုက်တယ်။

"မပြောရသေးဘူး။ရောက်လာမှပြောမလို့။" ဒန်နီရယ်ကလောင်ထရန်းကိုကြင်နာစွာပြုံးပြလိုက်တယ်။လောင်ထရန်းခေါင်းညိမ့်လိုက်ပေမဲ့ သူ့ရဲ့ယောက္ခမတွေဘယ်လိုတုံ့ပြန်မလဲဆိုတာတွေးပြီးစိတ်ပူနေတယ်။ဒန်နီရယ်က သူ့ထက်၁၆နှစ်တောင်ငယ်တာလေ။

မိုလောင်ထရန်းကခဏလောက်တွေးတောပြီးတော့ နောက်တော့အဲ့ဒီ့အတွေးတွေကိုခေါင်းထဲကနေတွန်းထုတ်လိုက်တယ်။သူ့ယောက္ခမတွေက သူ့ကိုသမက်အဖြစ်လက်မခံနိုင်ဘူးဆိုရင်တောင် သူတို့ဘာမှတတ်နိုင်မှာမဟုတ်ဘူး။ဒန်နီရယ်နဲ့လောင်ထရန်း ကလက်ထပ်ပြီး ကလေးတောင်ရနေပြီလေ။ဒီအချက်တွေကိုတွေးလိုက်ရင်း လောင်ထရန်းကစိတ်သက်သာရာရသွားပြီး လွမ်မင်လေးအနှီးထုတ်လေးထဲမှာအိပ်နေတဲ့ပုံစံလေးကိုဂရုတစိုက်ကြည့်နေတယ်။
[T/N-ပိုင်ချက်ပဲ။]

ချစ်တတ်လွန်းသောအယ်လ်ဖာ [Myanmar Translation-Book 1]Where stories live. Discover now