ကြည့်လိုက်တော့ ရတု။
"အေး သားကြီးပြော.."
"ငါကအားအားယားယားဝင်တိုက်စရာလား သူ့ဘာသာဇာတ်လမ်းထွင်နေတာနေမှာပေါ့.."
"ငါယုံတမ်း မယုံတမ်းတွေနားမလည်ဘူး ပေါက်ကရတွေ "
"မသိဘူးကွာ ငါကပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်မှန်းတော့သိပါတယ် ဒါပေမယ့် ဘဲပါကြည်မှန်းတော့ အခုမှသိတယ်"
"အေး သူကြိုက်လို့ဝင်တိုက်တာနေမှာပေါ့ "
"ဒါပဲ ဒါပဲ ငါအိပ်ချင်ပြီ.."
ဖုန်းကိုချပြီးတစ်ခါတည်း power offလိုက်သည်။
"ဟူးးး အိပ်တာပဲကောင်းတယ်။ကျောင်းပိတ်တုန်းအိပ်ရမယ်။"
.
.
.
.
🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸
တိတ်ဆိတ်ငြိမ်သက်နေသောခြံဝန်းကျယ်ကြီးက အထီးကျန်နေရှာတဲ့တိုက်အိမ်ကြီး။လူမနေတာကြာမြင့်နေပြီဖြစ်တာတောင် လှပတင့်တ်ာနေတုန်း။တစ်ချိန်ကရှိခဲ့တဲ့ အမှတ်တရတွေကိုထိန်းသိမ်းပေးထားတုန်း။ဒါပေမယ် အိမ်ကြီးရဲ့ပျော်ရွင်ခြင်းတွေကတော့ အိမ်ရှင်မနဲ့အတူသေဆုံးသွားခဲ့ပြီ။သူသာသက်ရှိဆို သူအထီးကျန်နေပါပြီဆိုပြီး သေချာပေါက်ဖွင့်ဟနေနိုင်သည်။
"ဒီနေရာလေးမှာ မာမားဆုံးသွားတာထင်တယ်။ကူးကူး နင်သိလား ငါ့အတွက် မာမားနဲ့ပတ်သတ်တဲ့အမှတ်တရဆိုလို့ သိုးမွေးထည်လေးကလွဲရင် ဘာမှကိုမရှိဘူး။ဒီခြံကြီးထဲမှာ ငါလဲပြေးလွှားဆော့ကစားခဲ့မှာပဲ။ဒါပေမယ့် ငါ့မှတ်ဉာဏ်က ဒီအိမ်ကြီးနဲ့ပတ်သတ်တဲ့အရာတွေတစ်ခုမှကို မမှတ်မိဘူး... ငါသိခဲ့ရတဲ့တစ်စုံတစ်ခုက ဒီခြံရှေ့မှာ မာမားဆုံးသွားတယ်ဆိုတာပဲ.. "
ခြံရှေ့ကနေ ခြံထဲကိုလှမ်းကြည့်ရင်း အက္ခရာငေးငိုင်စွာ ရင်ဖွင့်မိတယ်။ကူးကူးကလဲ ခေါင်းလေးတညိတ်ညိတ်နဲ့ပေါ့။
"သားငယ် .... သားငယ်လား "
နူးညံ့ခြင်းတွေနဲ့နွေးထွေးခြင်းတွေ အချိုးကျပါဝင်နေတဲ့ အသံကြည်ကြည်လေးကြောင့် နှစ်ယောက်သားမတိုင်ပင်ပါပဲလှည့်ကြည့်မိကြသည်။
DU LIEST GERADE
LOVE WARNING ⚠️[Complete]
Romantik[This story is not 18+.This is sweet love🌸😣] Sweet Story of 🌸 Zawgyi & Unicode ချယ်ရီပန်းတစ်ပွင့်က လူတွေကိုပျော်ရွှင်စေတယ်တဲ့ ကျွန်တော်အတွက်ကတော့ ကိုကိုပျော်ရွှင်ရင်ကိုရပါပြီ။ ချယ်ရီပန်းတစ်ပွင့်က လူတွေကိုပျော်ရွှင်စေတယ်တဲ့ ကျွန်တော်အတွက်ကတော့ ကိုကိ...
EP. 6
Beginne am Anfang