ရိ​ပေါ်ရှိတတ်​တဲ့ အချိန်​ကိုမှ​ရွေးပြီး ကုမ္ပဏီ​ရှေ့မှာမိန်းက​လေးတစ်​ချို့ဆီက​နေဒီစကား​တွေကို ကြား​နေရတာ တစ်​ပတ်​နှစ်​ပတ်​နီးပါးရှိပြီ။
ဝမ်​ရိ​ပေါ်ဆိုတဲ့ ဆိုင်းဘုတ်​​လေး​တွေနဲ့ လာအား​ပေးကြတဲ့ထိုမိန်းက​လေး​တွေ ရိ​ပေါ်ရဲ့fangirl​တွေ ဖြစ်​ပုံရတယ်​။

ချူံချင်​က​နေ ပြန်​လာပြီးနှစ်​ရက်​အကြာမှာ ဒါရိုက်​တာချင်​ရဲ့ကမ်းလှမ်းမှူကို လက်​ခံ​ကြောင်း ရိ​ပေါ်ကsocial medical​ပေါ်မှာ ​ကြောညာပြီးအသိ​ပေးခဲ့တယ်​။သေချာ​ပေါက်​ ​ရှောင်​ကျန့်​က​နောက်​မှ သိခဲ့ရတာ​ပေါ့။
ပထမဆုံး ဇာတ်​ကားရိုက်​ကူးမှုဖြစ်​တာ​ကြောင့်​ အလုပ်​များလွန်းတဲ့ရိ​ပေါ်က ​ကြော်​ညာရိုက်​ကူးတဲ့ဘက်​ကို ခဏရပ်​ထားတယ်​။

ရိ​ပေါ် ကုမ္ပဏီကို​ရောက်​မလာ​တော့တာ ဒီ​နေ့နဲ့ဆိုနှစ်​ပတ်​တိတိ။
ရိုက်​ကွင်းမှာ အလုပ်​ကြိုးစားလွန်းတဲ့​ကောင်​​လေးက ထမင်း​မေ့ဟင်း​မေ့ဖြစ်​​နေတဲ့အ​ကြောင်း ​ဟောက်​ရွမ်းဆီက တတ်​တဆိတ်​ကြားမိ​တော့
ရုံးပိတ်​ရက်​မှာ ဟင်းဘူး​လေး​တွေကို ရိ​ပေါ်မသိ​အောင်​ခိုးပြီးပို့​ပေးရတာက ဒီရက်​ပိုင်းမှာတိုးလာတဲ့ အကျင့်​တစ်​ခုလည်းဖြစ်​ပြန်​တယ်​။

" ရိ​ပေါ်အထဲမှာ ရှိ​နေလား "

" အင်းရှိတယ်​..​ရှောင်​ကျန့်​​ကောဝင်​သွားလိုက်​ပါလား "

" မဝင်​​တော့ပါဘူး..ရိ​ပေါ်ကိုယ်​တိုင်​မှ မ​တွေ့ချင်​တာ...​ကောကဘာသွားလုပ်​ရမှာလဲ "

တွေ့ချင်​​နေတာ..​ရိ​ပေါ်က​သေ​လောက်​​အောင်​​တွေ့ချင်​​နေတာဆိုပြီး ​ပြောထွက်​သွားမှာကို ​ဟောက်​ရွမ်းမနည်းထိန်းထားရတယ်​။
ဘယ်​နှစ်​ရက်​ရှိပြီလဲ...ညတိုင်းအရက်​မူးပြီးကွဲပြဲ​နေတဲ့ တစ်​​ယောက်​နဲ့ လူမသိ​အောင်​လာလာခိုး​တွေ့​နေတဲ့ တစ်​​ယောက်​နဲ့ ကြားထဲက အကုန်​သိ​နေတဲ့ သူကိုယ်​တိုင်​က နည်းနည်း​လေးမှအဆင်​မ​ပြေ​တော့။

" ​ကောသွား​တော့မယ်​..ဒါ​လေး​တွေကိုရိ​ပေါ်ဆီ​ရောက်​​အောင်​ပို့​ပေးပါ "

Creation With You(season 1)(Completed)Where stories live. Discover now