" ရိ​ပေါ်!! "

ဘေးနားမှာ ရုတ်​တရက်​ကားကိုထိုးရပ်​လိုက်​ရင်း လူကိုကား​ပေါ်အတင်းဆွဲထည့်​လိုက်​တာများ အရုပ်​တစ်​ရုပ်​လိုပဲ။

" ​နေပူထဲမှာ ဖိနပ်​မရှိဘဲ​လျှောက်​သွား​နေရ​အောင်​ ခင်​ဗျားက အရူးလား ဟမ်​ !! "

" ရိ​ပေါ်ပဲ ဆင်းသွားဆိုလို့ပါ "

" ​တောက်​ ခင်​ဗျား !! "

မှတ်​မှတ်​ရရ ဒီတစ်​ကြိမ်​နဲ့ဆို ရိ​ပေါ်သူ့ကို​တောက်​​ခေါက်​တာ နှစ်​ကြိမ်​မက ဖြစ်​ပြီ။
တစ်​ဆစ်​ဆစ်​ထိုးကိုက်​လာတဲ့​ခေါင်းနဲ့အတူ ရင်​ဘတ်​ထဲကလည်းနာတယ်​။
အိမ်​​တော်​​ရှေ့​ရောက်​တဲ့အခါ တစ်​​ယောက်​တည်းနူတ်​ဆက်​စကားဆိုရင်း ဝမ်းနည်းမှူနဲ့အတူ ​ပျော်​ရွှင်​မှူ​လေးပါ ​ပေါင်းပြီးကြည်​နူးရပြန်​တယ်​။

" ဂရူစိုက်​ပြန်​​နော်​ ရိ​ပေါ် "

ကျောခိုင်းပြီး မျက်​နှာလွှဲထားတဲ့​ကောင်​​လေးကို ​ရှောင်​ကျန့်​က ဂရူတစိုက်​နဲ့ လှမ်းမှာတယ်​။
ဘယ်​သူကမှား ပြီး ၊ ဘယ်​သူကမှန်​​နေမှန်းမသိတဲ့ အချိန်​မှာ ကိုယ်​ကပဲ အ​လျှော့​ပေးချင်​ခဲ့သူမို့ ၊ အပြစ်​လုပ်​ထားတဲ့သူက သူကိုယ်​တိုင်​သာဖြစ်​​နေခဲ့တာမို့ ဥ​ပေက္ခာပြုခြင်း​တွေကိုလည်း ​ရှောင်​ကျန့်​က ခံရသင့်​တယ်​မဟုတ်​လား။

" မလိုဘူး "

" အင်း..​ကောသိပါတယ်​..ဒါဆိုသွား​တော့မယ်​​နော်​ "

အ​ပြောနဲ့အလုပ်​ မညီတဲ့​ရှောင်​ကျန့်​က တစ်​​ရွေ့​ရွေ့နဲ့ထွက်​သွားတဲ့ကား​လေးကို ​တွေ​တွေ​လေး​ငေးကြည့်​တယ်​။
ဖြူစင်​တဲ့ချစ်​ခြင်း​တွေမှာ အပြစ်​မရှိပါဘူး..မချစ်​သင့်​တဲ့သူကို ချစ်​ခဲ့မိတာကမှ အပြစ်​တစ်​ခုလို့ဆိုနိုင်​တာပါ။
.

.

.

.

' ရိ​ပေါ်​ကော ဒီ​နေ့ကုမ္ပဏီကိုမလာဘူးလား '

'ဘယ်​လိုလုပ်​မလဲ ဒီ​နေ့မလာဘူးဆို​တော့ ​နောက်​တစ်​​နေ့ထပ်​လာရ​တော့မှာ​ပေါ့ '

Creation With You(season 1)(Completed)Where stories live. Discover now