"ဟင် !ဘေဘီ "
ဘတ်ဟျွန်း ခေါင်းကို ငုံ့ထားတာ သူ့လက်သေးသေးလေးနှစ်ဖက်ကို ခပ်ကြီးကြီး လက်အုပ်ထဲ
ထည့်ပြီး ဆုပ်ကိုင်ထားတဲ့ ချန်းယောလ်၏ နွေးထွေးတဲ့ လက်တစ်စုံကို ကြည့်နေမိသည်။တကယ်ဆို ဘာမဟုတ်တဲ့ စကားတွေကို ဘတ်ဟျွန်း နားယောင်ဖို့မလို...
ဒါပေမယ့် ဘတ်ဟျွန်း ကို ဟိုအိမ်ငှားခြံထဲမှာနေတုန်းကပြောခဲ့ဖူးတဲ့ အစ်မတွေရဲ့ စကားတွေအထိပြန်တွေး မိနေစေသည်။
"ချန်းယောလ် ပြောသမျှ ယုံနေ..ဟိုက နင့်ကို အိမ်
ထဲက အိမ်ပြင် မထွက်ခိုင်းဘဲနဲ့ သူကျ အပြင်မှာ လုပ်ချင်တာ လုပ်နေမှာ "ဆိုတဲ့ စကားတွေ...အခု ဟို လူ ပြောတဲ့ စကားနဲ့
ဘာမှ မကွာ...ဘတ်ဟျွန်း စိတ်တွေရှုပ်ထွေးလာကာ ခေါင်းကို
ခါယမ်းပစ်လိုက်မိသည်။"ဘတ်ဟျွန်းနီး !"
ဘတ်ဟျွန်း အမှန်တကယ် စိတ်ရှုပ်နေဟန်ကို မြင်
တော့ ချန်းယောလ် ပို၍ စိတ်ပူသွားမိသည်။ ဘာမှလဲ မပြောဘဲ သူ့ဟာသူ အတွေးထဲ နစ်နေပုံရပြီး
အခုလဲ ခေါင်းခါ လိုက် သက်ပြင်းချလိုက် .."ဘေဘီ!ကိုယ့်ကို ကြည့်စမ်း..ဘေဘီ ဘာဖြစ်နေ
တာလဲ? ဟင်..တစ်ခုခုဖြစ်နေတာ ကိုယ်သိတယ်..
ကိုယ့်မျက်နှာကို ကြည့်..."ဘတ်ဟျွန်းမေးဖျားလေးကို ဆွဲယူလိုက်ကာ မော့စေပြီး မျက်နှာလေးကို အုပ်ကိုင်ထားလိုက်သည်။
မျက်၀န်းလေးတွေ အနည်းငယ်ရဲနေပြီး မပွင့်တပွင့် နှုတ်ခမ်းပါးလေးသည် လျှာတသပ်သပ် ဖြင့် ရှိနေ၏။"ကိုယ့်ကို စိတ်ပူအောင် မလုပ်ပါနဲ့ ~~"
"ဘာလို့...ဘာလို့..ကျွန်တော့်ကို အိမ်ထဲမှာပဲ နေခိုင်းတာလဲ?"
ဒါပဲ ထပ်မေးပြန်သည်။ တကယ်ပဲ ဘာဖြစ်နေတာလဲ..ချန်းယောလ် စိတ်မရှည်ချင်တော့..
"ချစ်လို့! စိတ်ပူလို့..တစ်ခုခုဖြစ်သွားမှာစိုးရိမ်လို့
လို့ပြောနေတယ်လေ ""ကျွန်တော်က ကလေး မဟုတ်တော့ဘူးလေ.."
"ကလေးသာဆိုရင်လဲ ဘယ်နေရာဖြစ်ဖြစ် ကိုယ်ကကျောပိုးပြီးခေါ်သွားမှာ..အခုက ဘာလဲ? မင်း
သက်တောင့်သက်သာလေး အိမ်မှာ နေရတာကို
မကျေမနပ် ဖြစ်နေတာလား?"
YOU ARE READING
614 Story (Complete)