3

2.3K 337 14
                                    


"ဒါဆို ကန့်ကွက်မယ့်သူမရှိဘူးပေါ့နော် "

"ဟုတ်ကဲ့..မရှိပါဘူး "

"ဒါဆို သတို့သားက ဒီနေရာမှာ လက်မှတ်ထိုးပြီး
သတို့သမီးက ဒီနေရာမှာ လက်မှတ်ထိုးနိုင်ပါပြီ"

"သတို့သမီး ?"

ဘတ်ဟျွန်းနဲ့ ချန်းယောလ် တစ်ယောက်မျက်နှာ
တစ်ယောက်ကြည့်ကာ ဇဝေ ဇဝါဖြစ်ကုန်သည်။

ချန်းယောလ် က ဘေဘီထိုးလိုက် ဆိုသည့် သဘောဖြင့် မျက်နှာရိပ်မျက်နှာကဲ ပြတော့ ဘတ်ဟျွန်းက နှုတ်ခမ်းလေးစူကာ ခေါင်းယမ်းပြလာ
သည်။

ဒုက္ခပဲ အဲ့ကိစ္စကို မတိုင်ပင်ထားမိဘူး...

တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်၍ အခြေအနေ တင်းမာ နေပုံကို ရက်ကွက်လူကြီးကပဲ ဖျောင့်ဖျရန် ပြင်ရတော့သည်။

"ကဲ ...ကဲ မင်းတို့ ဟိုဒင်း ဟိုဟာ ပြုကြတော့ ဘယ်သူက အောက်မှာနေပြီး ဘယ်သူက အပေါ်
မှာနေတုန်း !"

"ဗျာ.."

"အဲဗျာ...ကလေးတွေရှက်ကုန်ပြီ !ရပ်ကွက်လူကြီးကလဲ ဘယ့်နှယ့်လို့ကြောင့်ပွင့်ပွင့်လင်းလင်းပြောရတာလဲ ?"

"ဟင် !ဒါဖြင့် ငါက ဘယ်လိုမေးရမှာလဲ ? နှစ်ည
တောင် အိပ်ပြီးနေပြီပဲ ! ဒီလောက်တော့ ပွင့်လင်း
ရမှာပေါ့."

"ကျွန်..ကျွန်တော်တို့ ဘာမှ မဖြစ်ကြသေးပါဘူး"

ချန်းယောလ်မှာ ရှက်ရှက်နဲ့ပဲ လည်ပင်းကိုလက်ဖြင့်ပွတ်ကာ ဖြေရှင်းလိုက်ရသည်။

တကယ်ပါပဲ...တရားရုံးမှာမှ ဒီကိစ္စကြီးက အငြင်းပွားစရာဖြစ်ရတယ်လို့....

"ဟေ ! ခိုးတောင်ပြေးပြီးနေမှပဲ အခုထိ ဘာမှမဘာရသေးဘူးလားကွ !ဘာလို့လဲ ?"

"အေးလေကွာ !မင်းကလဲ လက်နှေးလိုက်တာ "

" ဟို ကျွန်တော်အခုထိ ဘတ်ဟျွန်းကို မပိုင်ဆိုင်ရသေးဘူးလို့ သတ်မှတ်ထားလို့ပါ..နှစ်ဦးသဘော
တူလက်မှတ်လဲမထိုးရသေးသလို.. လက်ထပ်ထားတာမျိုး လဲ မဟုတ်တော့..ဘတ်ဟျွန်းနီး အ
ပေါ် တန်ဖိုး မထားသလို ဖြစ်နေမှာစိုးလို့..."

614 Story (Complete)Where stories live. Discover now