Chapter 18

3.3K 318 9
                                    

Unicode Font

18.

'မင်းလည်း အလုပ်မသွားနဲ့. ကိုယ် မင်းကို ထောက်ပံ့ပေးမယ်.'

Ren Shanshanသည် Pei Yingပို့လာသော စာကို တွေ့သောအခါ သူမမျက်ခုံး တွန့်ချိုးသွားသည်။

ညနက်ကြီး ဒီလိုစာပို့လာတယ်...Pei Ying သူ့မှာ ကောင်လေးရှိကြောင်း လာကြွားနေတာလား ဒါမှမဟုတ် သူမ တစ်ယောက်တည်း အဖော်မဲ့ပြီး အိပ်နေရတာကို လာရယ်နေတာလား?

အား အား.

[Ren Shanshan]Pei Ying နင် တွဲတာ ရက်နည်းနည်းပဲ ရှိနေပါသေးတယ် အခုတော့ ကောင်လေးရှိတယ်ဆိုပြီး လာကြွားနေပြီးပေါ့လေ? (smile)

[Pei Ying]ငါ ကြွားနေတာ မဟုတ်ရပါဘူးဟာ! ဒါ မကျေနပ်ချက် ထုတ်ဖော်နေတာ!

[Ren Shanshan]မကျေနပ်ချက်? နင် တကယ်ပဲ နင့်ကောင်လေးရဲ့ ဘယ်လိုကျန်းမာသန်စွမ်းကြောင်းကို ပြောနေတာတော့ မဟုတ်ရပါဘူးနော်?

[Pei Ying].....

သူမ ဘယ်လိုပဲပြောပြော Ren Shanshanတော့ နှာဘူးကျအောင် လုပ်တတ်သည်။ Pei Yingသည် သူမနှင့် အဆက်အသွယ်ဖြတ်ရန် ဆုံးဖြတ်လိုက်သည်။

Song Nanchuanသည် ရေချိုးပြီးသွားပြီးနောက် သူမ ဆိုဖာပေါ်မှာ အိပ်နေသည်ကို တွေ့သွားသည်။ သူသည် ဆံပင်ကို ပဝါဖြင့် အခြောက်ခံရင်း သူမဆီ လျှောက်သွားလိုက်သည်။ "မင်း ဒီမှာ ဘာလို့ လှဲနေရတာလဲ? မင်းလဲ ရေသွားချိုးတော့ ပြီးရင် အိပ်မယ်."

"အို့..." Pei Yingသည် ပြန်ဖြေလိုက်ပြီး စကားနားထောင်ကာ အပေါ်ထပ်သို့ ရေချိုးရန် တက်သွားတော့သည်။ သူမ ရေချိုးခန်းမှ ထွက်လာသောအခါ Song Nanchuan သူမကို အိပ်ရာပေါ် စောင့်နေသည်ကို တွေ့ပြီးနောက် တုန်လှုပ်လာတော့သည်။

သည်နှစ်အတောအတွင်း သူမ တစ်ယောက်တည်း အိပ်ခဲ့သောကြောင့် ဘေးနားမှာ ယောကျာ်းလေးတစ်ယောက် ရှိနေခြင်းက နည်းနည်းတော့ အခက်တွေ့သွားသည်။ မနေ့ညက သူမ အတော် ပင်ပန်းခဲ့သည်။ ထို့ကြောင့် မျက်စိမှိတ်လိုက်တာနဲ့ အိပ်ပျော်သွားခြင်းဖြစ်သည်။ ဒီညကျတော့ သူမ နိုးကြားတက်ကြွနေတာလေ... သူမ ဘယ်လို အိပ်လို့ ရမှာလဲ?!

သူမသည် Song Nanchuanကို မေးခွန်းမမေးခင် ရေချိုးခန်းတံခါးမှာ အချိန်အတော်ကြာ ရပ်နေခဲ့သည်၊ "ဒီမှာ အခြားအိပ်ခန်းတွေ ရှိတယ်မလား?"

[Completed] Just Blame Me for being Blind in the Beginning (MM Translation)Where stories live. Discover now