Part 33-သနားညှာတာခြင်းကင်းမဲ့တယ်။

Start from the beginning
                                    

ထရန်းဇီမှာ ပိုက်ဆံရှိပေမဲ့လည်း သိန်းသန်းချီတန်တဲ့ပြိုင်ကားကိုတော့သူမဝယ်နိုင်ဘူး။ဝယ်ပြီးတာနဲ့မွဲတေသွားမှာလေ။

"ဟမ်း၊အိမ်ပြန်လာရင်မင်းကိုပေးမယ်။"

လောင်ထရန်းကဖုန်းချလိုက်ပြီး သူ့ကွန်ပျူတာဆီကိုသွားတယ်။တခြားတစ်ဖက်မှာတော့ ထရန်းဇီကသူ့အကိုကြီးရဲ့လှည့်ဖျားခြင်းကိုခံလိုက်ရတဲ့အတွက်မယုံနိုင်ဖြစ်နေတယ်။သူအိမ်မပြန်တာ၈လရှိပြီလေ။ဆိုတော့ အခုသူအခုအိမ်မပြန်ရင်ပြိုင်ကားမရဘူးဆိုတဲ့သဘောလား?။အဲ့ဒါသူတို့ပထမသဘောတူထားတာနဲ့လည်းမတူဘူး။

အဲ့ဒီ့အချိန်မှာ ရုံးခန်းထဲမှာ လောင်ထရန်းကသူ့ထိုင်ခုံမှာထိုင်ရင်း အီးမေးလ်ကိုဖွင့်လိုက်တယ်။သူထရန်းဇီပို့တဲ့အီးမေးလ်ကိုဖွင့်ဖတ်ပြီးတာနဲ့ မကောင်းတဲ့ရည်ရွယ်ချက်တွေကသူ့မျက်လုံးထဲမှာကြီးထွားလာတယ်။

ဖိုင်တွေကိုကြည့်ပြီးတော့ လောင်ထရန်းကပါတဲ့ဓာတ်ပုံကိုဖွင့်လိုက်တယ်။ဒန်နီရယ်နဲ့ပတ်သက်ပြီးဒီလောက်စိတ်မကောင်းစရာတွေ့ရမယ်လို့မမျှော်လင့်ထားတဲ့အတွက် သူ့ရဲ့ကွန်ပျူတာမောက်စ်ကိုတောင်လက်ကညှစ်ရင်း ကွဲသွားတယ်။

လောင်ထရန်းကသူ့ရဲ့မျက်လုံးကိုတင်းကျပ်စွာပိတ်ထားရင်း သူ့ရဲ့ဆူတက်လာတဲ့ဒေါသတွေကိုဖိနှိပ်နေရတယ်။

လူကြီးနှစ်ယောက်ဖျက်စီးရမ်းကားနေတာကြောင့် ဒန်နီရယ်ငိုနေတဲ့ပုံက လောင်ထရန်းရဲ့ဦးနှောက်ထဲမှာစွဲကျန်ရစ်နေတယ်။သူ့နှလုံးသားကဒန်နီရယ့်အတွက်ကွဲကြေသွားသလိုပဲ။

သူ့ရဲ့ကွန်ပျူတာကိုချက်ချင်းပိတ်လိုက်ပြီး မျက်နှာကိုပွတ်သပ်လိုက်တယ်။ခဏကြာတော့ ရုံးတွင်းဆက်သွယ်တဲ့စနစ်ခလုတ်ကိုနှိပ်လိုက်တယ်။

"အစည်းအဝေးကိုဖျက်ပြီး ဒီနေ့ငါ့ရဲ့အချိန်ဇယားကိုရှင်းလိုက်တော့။" လောင်ထရန်းကအေးစက်တဲ့အသံနဲ့အမိန့်ပေးလိုက်တယ်။သူ့ရဲ့ဒေါသကိုဖိနှိပ်ဖို့မနည်းကြိုးစားနေရတာ။သူခလုတ်ကိုထပ်နှိပ်လိုက်ပြီး PRမန်နေဂျာကို သူ့ရုံးခန်းကိုလာတွေ့ဖို့ပြောလိုက်တယ်။

ချစ်တတ်လွန်းသောအယ်လ်ဖာ [Myanmar Translation-Book 1]Where stories live. Discover now