"မထားထားဘူး မလိုအပ်ဖူးထင်လို့ ဆေးရုံကိုပဲသွားမယ် "

သူ့တစ်ကယ်ကိုပြာယာခတ်နေသည်။ နေ့ကလည်း မှိုင်းကိုပွေ့ထားသည့်သူ့နောက် ခပ်မြန်မြန်လိုက်လာသည်။

"ဘာလုပ်နေတာလဲ မလိုက်သွားဘူးလား "

"နင်တို့ကြောင့် နင်တို့ငါးမချက်ရင် ဒီလိုဖြစ်မှာမဟုတ်ဘူး $€¥ "

ရေလွှာလွှာ ပါးစပ်ကနေ မျိုးစုံဆူဆဲရင်း သူ့နောက်အပြေးလိုက်သွားသည်။

~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~

"အရိုးကမရှိတော့ပါဘူး ထုတ်ပြီးပါပြီ "

လှဲအိပ်နေသည့် မှိုင်းကို ဆောင်းပြုံးကြည့်ရင်းပြောလိုက်သည်။ ထိုအခါမှ သူ့သက်ပြင်းချနိုင်တော့သည်။

"လွှာတောင်းပန်ပါတယ် သူ့ "

"မလိုဘူး ခင်ဗျားကြောင့် ကျွန်တော့်သမီး အရိုးစူးသွားရတာ "

"‌လွှာမှားတာပါ သူ့ "

ရေလွှာလွှာ့အသံက ငိုသံပင်စွက်လာပြီဖြစ်သည်။

"ပြန်ပါတော့ ‌အခု ကျွန်တော် လွှာ့ကို စကားပြောချင်စိတ်မရှိသေးဘူး "

"သမီးလေး မှိုင်း "

အချိန်ကိုက် ရာရာအလောတကြီးပြေးဝင်လာသည်။ ရေလွှာလွှာကို မြင်ပေမဲ့ ဂရုမစိုက်အား။ မှိုင်းအနားကိုချက်ချင်းသွားသည်။

သူ့ရာရာကိုမြင်လိုက်ရ၍...

"အပြင်ထိလိုက်ပို့မယ် "

ရေလွှာလွှာ လက်ကိုဆွဲကာ ခေါ်သွားသည်။
သူ့က တစ်ကယ်ကို ဟန်ဆောင်ကောင်းပါ၏။

~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~

"ဒေါက်တာ မှိုင်းလေးအဆင်ပြေရဲ့လား "

"ပြေပါတယ် မှိုင်းမျက်လုံးဖွင့်လို့ရပြီ "

ဆောင်းရဲ့စကားကြောင့် ရာရာပါးစပ်အဟောင်းသား။

"ဟန်မဆောင်နဲ့တော့ မှိုင်း ဒေါက်တာက ဆေးကုတဲ့သူနော် "

ဆောင်းရဲ့ပြုံးစစ စကားကြောင့် မှိုင်းမျက်လုံးပွင့်လာသည်။

ဦးဖန်တီးသောအချစ်သင်္ကေတ/ဦးဖန်တီးသောအချစ်သ‌င်္ကေတ (Season 2)[Completed]Where stories live. Discover now