"လာလာ ကိုကိုလဲ အသဲလေးကို အာဘွားပြန်ပေးမယ်"

   "အာဘွား အာဘွား အာဘွား အာဘွားတွေအကုန် အသဲလေးယူ အကုန်ပေးမယ် ဟားဟား"

   မှူးခေါင်ရယ်တော့ အသဲလေးကပါ တခစ်ခစ်နဲ့ရယ်သည်။မှူးခေါင်လဲ လေးပိုင်‌လုပ်ပေးလိုက်တဲ့ဆွဲကြိုးလေးကို အသဲလေးကိုဝတ်ပေးလိုက်သည်။အသဲလေးကလဲ အရမ်းသဘောကျနေပုံ။နှုတ်ခမ်းလေးထော်ပြီး မှူးခေါင်ကိုအာဘွားတွေလာပေးကာ ရှေ့သွားလေးပေါ်အောင်ရယ်ပြနေသည်။

   သူတို့ရဲ့ချစ်စရာအပြုအမူလေးတွေကို မှတ်တမ်းတင်နေတဲ့ စဝ်ပိုင်ကလဲPolaroidလေးမှထွက်လာသော ပုံလေးတွေကိုကြည့်ပြီး ပြုံးနေလေသည်။

ကလေးဘဝကအဖြူစင်ဆုံးပဲ။အဖြူစင်ဆုံးအချိန်မှာ ပြုံးတဲ့အပြုံးကလဲ အလှပဆုံးပဲ။အလှအပတွေဆိုတာ မှတ်တမ်းတင်ထားသင့်တယ်လေ။ဒီအလှအပတွေက နောင်တစ်ချိန်အတွက်အမှတ်တရကောင်းတွေပဲ။

📸📸📸📸📸📸📸📸📸📸📸📸📸📸📸📸📸📸

   "လေးပိုင် အသဲလေးတို့က ဘယ်ကိုပြောင်းသွားတာလဲဟင်.."

   လူမနေတာကြာမြင့်နေပြီဖြစ်တဲ့အိမ်ကြီးကို ကြည့်ရင်းမှူးခေါင်မေးလိုက်သည်။

   "ဂျပန်."

    "အော် အဲ့တာက အဝေးကြီးလားဟင် လေးပိုင် ခေါင်အသဲလေးနဲ့တွေ့ချင်တယ်။အသဲလေးက အခုဆိုပိုပြီးချစ်စရာကောင်းနေတော့မှာ တော်ကြာ အသဲလေးကိုသူများတွေလုကုန်ရင် ဘယ်လိုလုပ်မလဲ.."

   "မသွားပါဘူး။ကိုထူးရာက ငါ့ကြည်တာမဟုတ်ဘူး။ငါသွားလို့ ငါ့ကိုသတ်ပြီး ဂျပန်မှာမြေမြှပ်လိုက်ရင်ဘယ်လိုလုပ်မလဲ..ဟားးဟားး"

   အသံဩဩကြီးနဲ့အားရပါးရရယ်လိုက်တာကြောင့် မှူးခေါင်ပခုံးလေးကျုံ့သွားမိသည်။ဟုတ်တော့ဟုတ်တယ်နော် အသဲလေးအဖေက လေးပိုင်ကိုသတ်ရင်း သူ့ကိုပါသတ်မသွားဘူးလို့မပြောနိုင်ဘူးလေ။အိုးးး ကြက်သီးထလိုက်တာ...။

  "လေးပိုင် အသဲလေးက အခုဘယ်နှနှစ်လဲဟင် ခေါင့်ကိုမမှတ်မိတော့ရင်ဘယ်လိုလုပ်မလဲ.."

   "အင်း သူက မင်းထက် နှစ်နှစ်လောက်ငယ်မယ်ထင်တယ်။မင်းကရှစ်နှစ်ဆိုတော့ သူကခြောက်နှစ်လောက်ရှိမှာပေါ့။မင်းလေးငယ် လကုန်ရင်လက်ဆောင်လှမ်းပို့မှာ မင်းထည့်ပေးချင်တာရှိရင်ထည့်ပေးလိုက်လေ.."

LOVE WARNING ⚠️[Complete]Onde histórias criam vida. Descubra agora