Donghyuck ကို Mark ခေါ်တဲ့နေရာက အရင်တစ်ခါ သူတို့စာသင်တုန်းက လာဖြစ်တဲ့ Cafe လေးဖြစ်သည်။

သူရောက်တော့ Mark က ကြိုရောက်နှင့်နေပြီးသား ။
ဒါပေမဲ့ အခုထိ သူတို့ စကားတစ်ခွန်းမှမပြောဖြစ်ကြသေးပေ။

" ကိုယ် ... "

" အရင်ဆုံး ကိုယ်တောင်းပန်ပါတယ် အဲ့နေ့က မဆင်မခြင်ပြုမူမိပြီး
ကိုယ့်ကျောင်းသားဖြစ်ခဲ့တဲ့ Donghyuck ကို အသားယူမိသလိုဖြစ်သွားတဲ့အတွက် .. ဒီလိုတောင်းပန်တာ မလုံလောက်ဘူးဆိုတာသိပါတယ် ဒါပေမဲ့ ထပ်ပြီး တောင်းပန်ရမယ့် စကားကိုပြောဦးမှာမို့ ကြိုတောင်းပန်ပါတယ်။

ကိုယ် .. Donghyuck ကို သဘောကျတယ် မဟုတ်ဘူး ချစ် ချစ်တယ်
ဒီလိုပြောလို့ ကိုယ့်ကို စိတ်ဆိုးမယ်ဆိုတာလည်း နားလည်ပါတယ်
ဒါပေမဲ့ Donghyuck ကို သိစေချင်တာက အဲ့နေ့ညက အနမ်းကြောင့် ဒီလိုပြောတာမဟုတ်ပါဘူး တကယ်တော့ Donghyuck ကို အရင်တည်းက သဘောကျ .. မ မဟုတ်ဘူး ချစ်နေခဲ့မိတာထင်တယ်

တကယ်တော့ အဲ့နေ့ညကအဖြစ်အပျက်ပြီးမှ သေချာသွားခဲ့တာ
ကိုယ်ပိုပြီးသေချာချင်တာမို့ အချိန်ယူပြီးလည်း စဉ်းစားခဲ့တယ်။
ထွက်လာတဲ့ အဖြေက ကိုယ် Donghyuck ကို တကယ် ချစ်တယ် "

အချိန်အကြာကြီး ယူနေခဲ့ပြီးမှ တကယ့်တကယ် ပြောလာတော့လည်း သူအသည်းအသန်လိုက်နားထောင်ရတဲ့ အမြန်နှုန်းနဲ့ ပြောလာခြင်းဖြစ်သည်။ အစက Donghyuck စိတ်ထဲ သီချင်းတစ်ပုဒ်က Rap ကို ဆိုနေခဲ့တယ် ထင်ခဲ့တာ။
သူ့နာမည်ပါလာမှ မဟုတ်မှန်းသိတော့သည်။

" တောင်းပန်ပါတယ် ~ "

ခုနကပြောနေတော့လည်း သူ့ကိုမကြည့်ပဲပြောသည်။
အခုလည်း ထပ်ပြီး သူ့ကိုမကြည့်ပဲ တောင်းပန်ပြန်သည်။
Donghyuck ကတော့ ကိုယ်သဘောကျတဲ့သူက ကိုယ့်ကို ဖွင့်ပြောလာလို့ အံ့သြပြီးကြည်နူးရမယ့်အစား သူ့ရှေ့က မြေကြီးထဲဝင်တော့မတတ် ခေါင်းငုံ့နေတဲ့ Mark ကို ကြည့်ပြီးသာ ရယ်ချင်မိတော့သည်။

Donghyuck က အတော်တန်ကြာထိ စကားပြန်မလာတာမို့ Mark ကတော့ လက်တွေတုန်ရင်း ရင်ထဲဆို့နင်လာရသည်။
ဖွင့်ပြောဖို့ဆုံးဖြတ်ခဲ့လိုက်ပေမယ့် အငြင်းခံရမှာကိုလည်း တွေးပူမိသေးသည်။ ဒါ့အပြင်ကို သူက ရည်းစားစကားတောင်မပြောရသေးပဲ အရင်သွားနမ်းမိထားသည် မဟုတ်ပါလား။ Donghyuck ကတော့ သေချာပေါက် သူ့ကို ရိုက်ချင်နေတော့မှာ .. ။

• p r e m i è r e • [ Complete ]Where stories live. Discover now