( Zawgyi )
[ p r e m i e r e ~ ]
ဘာလိုလိုနဲ့ သူတို့တောင် စာမေးပွဲဖြေရင်းနဲ့ နောက်ဆုံးတစ်ဘာသာပဲ ကျန်တော့တယ်။
ကျောင်းတွင်း ဥာဏ်စမ်းစာမေးပွဲပြီးတော့ Donghyuck က ဆက်မဖြေတော့ပေ။ အထက်တန်းနောက်ဆုံးနှစ်ဖြစ်တာကြောင့် လူတိုင်းက တက္ကသိုလ် ကောင်းကောင်းကို ရဖို့ စာအသည်းအသန်လုပ်နေကြတဲ့အချိန်မှာ သူက ဒီဆုလေးကိုတော့ မက်မနေတော့ဘူး။
အဓိကက တက္ကသိုလ်ကောင်းကောင်းရဖို့ပဲ။
Mark hyung နဲ့ စာမေးပွဲပြီးရင် လျှောက်လည်ဖို့ပြောချင်ပေမယ့် ဂျူနီယာတန်းလေးတွေရဲ့ အမှတ်ကို ခွဲပေးရမှာဆိုတဲ့ စကားအဆုံးမှာ
သူ့ရဲ့ လေထဲကတိုက်အိမ်လေးက တဖြူးဖြူးနဲ့လွင့်သွားရတယ်။
Date လုပ်ချင်ပါတယ်ဆို ! အဲ .. ရည်းစားတွေတော့ မဖြစ်သေးပေမယ့်ပေါ့လေ။
အဲ့ရည်းစားကိစ္စကလည်း Donghyuck က Mark လည်း သူ့အပေါ်ဘယ်လိုသဘောထားလဲသိချင်လို့ စကားတွေစပေမယ့် ထိုလူကြီးကတော့ အကောင်လိုက်ပြလည်း ဘာအကောင်မှန်းမသိတဲ့လူပါ။
ပြောရမယ်ဆိုတဲ့ တည့်တိုးသွားပြောတာတောင်မသိတာမျိုး။
ဒီလိုလေ သူက Mark ရဲ့ kakaotalk acc ကိုသွားလို့ ဖုတ် ဆိုပြီး
နှလုံးသားလေးသွားပြုတ်ကျပေမယ့်လည်း ဟိုက ဖုတ်သရဲလားလို့ ပြန်မေးတာမျိုး။
English လိုရည်းစားစကား ဘယ်လိုပြောရမှန်းမသိလို့ Justin Bieber ရဲ့ Boyfriend lyrics ကြီးသွားရွတ်ပြလည်း ကိုယ်က တခြားသီချင်းကို ပိုသဘောကျတာလို့ ပြောတာမျိုး။
အဲ့ဒီလူကြီးကပဲ Trend မသိတာလား ဘာလားမသိပေမယ့် ပြောရကြေးဆို သူအင်တင်တင်နဲ့ အငြင်းခံရတာ ၃၄၆ခါလောက် ရှိပြီထင်တယ်။ အဲ့တာ ပိုပြောတာနော် ကိုကိုက ချစ်စရာကောင်းတဲ့ ဒုန်ဟျောခ့်လေးကို အဲ့လောက် အများကြီးငြင်းစရာလား။
အဲ့လို .. အဲ့လိုနဲ့ အီဒုန်ဟျောခ့်ရဲ့ မဖြစ်မြောက်သွားသော အီစီကလီတွေပေါ့။
ဒီနေ့တော့ ပိတ်ရက်လည်းဖြစ်တာမို့ စာပြဖို့ကို Donghyuck တို့ အိမ်မှာမဟုတ်ပဲ လူရှင်းပြီးတိတ်ဆိတ်တဲ့ Cafe ဆိုင်ကို သွားကြတယ်။
Cafe ရဲ့ ပြင်ဆင်ထားတဲ့ပုံက အနောက်တိုင်းယဉ်ကျေးမှုပုံစံလေးနဲ့ ဆိုင်ထဲမှာတော့ အတွဲတွေသာ အများဆုံးရှိသည်။
ESTÁS LEYENDO
• p r e m i è r e • [ Complete ]
Historia CortaMarkHyuck short story. This fiction is written by both unicode & zawgyi. [ p r e m i è r e ]
![• p r e m i è r e • [ Complete ]](https://img.wattpad.com/cover/278636097-64-k328890.jpg)