( Zawgyi )
[ p r e m i è r e ]
နောက်ဆုံးစာမေးပွဲနီးလာလေလေ အားလပ်ချိန်မရှိလေ ဖြစ်လာတယ်။
အရင်လို အတန်းထဲ စကားများနေတတ်တဲ့ Donghyuck တို့အဖွဲ့လည်း ကျောင်းမှာလည်းစာ အိမ်ရောက်လည်းစာ ဖြစ်နေပြီး စာအုပ်ပုံထဲ ခေါင်းနစ်နေကြလို့ စနောက်ဖို့တောင် အချိန်မရှိကြ ။
ထုတ်သာမပြောကြတာ လူတိုင်းက သူ့ထပ်ငါအမှတ်ပိုများအောင် ပြိုင်ဆိုင်နေကြတဲ့ သူတွေဖြစ်တယ်။ အဲ့ထဲကမှ အခန်းလိုက် ယှဉ်ပြိုင်မှုတွေက ပိုပြင်းထန်တယ်။
Donghyuck တို့ အခန်းတစ် နဲ့ ဘေးဘက်အခန်းနှစ်က ပြိုင်ဖက်တွေဖြစ်ပြီး တစ်ဖက်အတန်းသားချင်း လမ်းမှာတွေ့ကြရင်တောင် စကားတွေနဲ့ ပြိုင်နေကြတာဖြစ်တယ်။
အဲ့တာကြောင့် သူ့ထက်ငါအပြိုင် ခေါင်းပိုမော့နိုင်ဖို့အရေး ကျောင်းသားတွေက ပိုလို့ ကြိုးစားကြတယ်။
" ကဲ ကဲ ကဲ တစ်ချက် အာရုံစိုက်ပေးပါ "
ဆရာ Taeil ရဲ့ ခပ်ကျယ်ကျယ်ခေါ်သံအဆုံး ကျောင်းသားတွေရဲ့ အကြည့်တွေက အရှေ့ကို စုရောက်လာတယ်။
" စာမေးပွဲလည်းနီးပြီ အတန်းတွင်း Project တွေကလည်း ရှိတော့ ငါ့ကျောင်းသားတွေ အခုလောက်ဆို စာအုပ်ထဲ ခေါင်းနစ်နေကြရောပေါ့ အဲ့တော့ အနီးကပ်စာပြလို့ရအောင် လုပ်နေကြအတိုင်း အဖွဲ့တွေခွဲပြီး အချိန်ပို Guide ယူတာမျိုးတွေ ထပ်လုပ်ကြမယ် တစ်တန်းမှာ ဆရာလေးယောက် ထားပေးထားတာမို့ လူတွေကိုယ့်ဘာသာ အဆင်ပြေသလို ခွဲပြီးစာရင်းထည့်လိုက်ကြနော်"
" NAE !!! "
ဆရာ Taeil က စာရွက်တစ်ချို့ကို သူတို့ရဲ့ အတန်းခေါင်းဆောင်ဖြစ်တဲ့ Hyunjin ဆီ ပေးထားခဲ့တယ်။
Donghyuck ကတော့ ဆရာ Taeil ပြောတာကြားပြီးတည်းက Mark ရဲ့ မျက်နှာကိုသာ တွေးနေမိပြီး ပြုံးစိစိဖြစ်နေတော့တယ်။
ဒါကြောင့် ဆရာထွက်သွားတည်းက Hyunjin ကို လက်တို့ပြီး ပါတဲ့ Guide သင်ပေးမယ့် ဆရာရဲ့ နာမည်တွေကို ကြည့်လိုက်တယ်။
ကံကြမ္မာက သူ့ကို သေချာပေါက် မျက်နှာသာပေးနေတာ။
' LeeMark ( English ) ´ ဆိုတဲ့ နာမည်ကိုတွေ့ပြီး သူချက်ချင်းပဲ ထိုအကွက်လေးထဲမှာ သူ့နာမည်ကို ချရေးလိုက်တယ်။
ESTÁS LEYENDO
• p r e m i è r e • [ Complete ]
Historia CortaMarkHyuck short story. This fiction is written by both unicode & zawgyi. [ p r e m i è r e ]
![• p r e m i è r e • [ Complete ]](https://img.wattpad.com/cover/278636097-64-k328890.jpg)