//Chapter 18//

Začať od začiatku
                                    

ကောင်လေးရဲ့နှလုံးသားက သူ့လည်ချောင်းထဲက ထွက်ကျလုနီးပါးဖြစ်လာကာ စိတ်ပျက်စွာဖြင့် မျက်ရည်နှစ်စက်ထွက်လာအောင် ညှစ်ထုတ်လိုက်သည်။

ကျန်းယွမ်ပိုင်လည်း ရှီပုဖန်ဆီကနေ အကျိုးအမြတ်ယူကာ ကောင်လေးကို အနိုင်ကျင့်နေရတာကြောင့် ရုတ်တရက်အရှက်ရသလို ခံစားလာရသည်။ သူက ရှီပုဖန်အား ညင်သာစွာပြောလိုက်၏
" သူ့ကို နောင်မှာ မင်းကိုပြဿနာဖြစ်အောင်လုပ်တာတွေ ရပ်ဖို့ မပြောချင်ဘူးလား? ..."

ရှီပုဖန်က နားလည်သွားပြီး တစ်ဖက်ကိုလှည့်ကာ
" နောက်နောင်မှာ ငါ့ကိုရန်ဖြစ်ဖို့မခေါ်တော့နဲ့။ ငါ့အဆင့်တွေကို အာရုံစိုက်ဖို့လိုတယ်၊ တကယ်လို့ ကောလိပ်ဝင်ခွင့်စာမေးပွဲမှာ ငါအမှတ်နည်းနည်းပဲရတယ်ဆိုရင် မင်းတို့ ဆယ်ကျော်သက်ဘဝရဲ့အဖိုးတန်အချိန်လေးကို ခံစားရအောင်လို့ ငါမင်းတို့ကိုICUခန်းထဲပို့ပေးမယ် ငါပြောတာကိုနားလည်ကြလား?"

ရှီပုဖန်က အထက်စီးဆန်တဲ့လေသံနဲ့အဆင့်တွေကိုပဲ အာရုံစိုက်တော့မယ်လို့ပြောတာကို ကြားတော့ ချုံးကျင့်ရဲ့မေးက အောက်ကိုပြုတ်ကျလုမတတ်ပင်။ ကောင်လေးကလည်း ခေါင်းရှုပ်သွားပေမဲ့ သူ့မှာ ဒီလူတွေကို ဆန့်ကျင်ဖို့အခွင့်အရေးမရှိဘူးဆိုတာကို သိတော့ သူ့ခေါင်းကို တုံ့ဆိုင်းမှုမရှိဘဲ ညိတ်ပြလိုက်၏။
" ရှီကော ကျွန်တော်သိပါပြီ ကျွန်တော်ပြန်ရောက်တာနဲ့ သူတို့တွေကို အစ်ကို့ရဲ့အဝေးမှာနေဖို့ သတိပေးလိုက်ပါ့မယ် !"

ချုံးကျင့်လည်း ကောင်လေးကို ဆုပ်ကိုင်ထားတာအား ဖြေလျှော့လိုက်တော့ ကောင်လေးက ကျားသစ်တစ်ကောင်လိုအလျင်နှင့် ပြေးထွက်သွားတော့သည်။ ရှီပုဖန်လည်း ကျန်းယွမ်ပိုင်ဘက်ကို လှည့်လိုက်ပြီး
" မင်းကျေနပ်ပြီလား? "

ကျန်းယွမ်ပိုင်က ခေါင်းညိတ်ပြတော့ ရှီပုဖန်က ကျန်းယွမ်ပိုင်ပခုံးတွေပေါ်မှာ သူ့လက်မောင်းတွေကိုတင်ပြီး လမ်းလျှောက်သွားကြသည်။ သူက အလုပ်ကြိုးစားပေးထားတဲ့သူငယ်ချင်းတွေကိုလည်း ကျေးဇူးတင်ဖို့ မမေ့လေဘူး။
" မင်းတို့ကောင်တွေ ဒီည ဘာသွားကစားကြမှာလဲ? "

အတိတ်မေ့နေသောကျောင်းလူဆိုးလေးနှင့်ဟန်ဆောင်တွဲခြင်း[မြန်မာဘာသာပြန်](Completed) Where stories live. Discover now