တစ်​ဝက်​​လောက်​ထိ ​ရောက်​​နေတဲ့စကားကို ​ဂျွန်​ကဆက်​မ​ပြောဘဲ ​ရှောင်​ကျန့်​အ​ဖြေကို​စောင့်​ကြည့်​တယ်​။
ခေါင်းငုံ့ကာ လက်​ဖဝါးနှစ်​ဖက်​ကို အချက်းချင်းပွတ်​တိုက်​​နေတဲ့​ရှောင်​ကျန့်​ကို ကြည့်​လိုက်​တာနဲ့ တစ်​ခုခုကို​တွေ​ဝေ​နေမှန်း သိသာတယ်​။

" ​နောက်​တကြိမ်​မှ ထပ်​လုပ်​လို့ရမလား ဂျွန်​..​ကော ထိန်းထားနိုင်​မယ်​မထင်​ဘူး "

အဆိုးဘက်​​ရောက်​သွားမယ့်​ စိတ်​​တွေကို သူ​ကြောက်​တယ်​။ဂျွန်​​ပြောသလို ​နောက်​တစ်​ကြိမ်​ထပ်​ဖြစ်​ရင်​ ရိ​ပေါ်သာမက သူ့ကိုပါ ထိခိုက်​လာလိမ့်​မယ်​။
ဖြည်းဖြည်းချင်းသာ သွား​နေရင်​ ဒီtreatment က လိုတာထက်​ပိုပြီး ကြာ​နေ​တော့မှာ ​သေချာတယ်​။

" ​ရှောင်း အဆင်​မ​ပြေရင်​မလုပ်​တာပဲ ​ကောင်းပါတယ်​...ဒီtreatmenrရဲ့ ပထမအဆင့်​အ​နေနဲ့ ဝမ်​ရိ​ပေါ်မဟတြ်​တဲ့ တစ်​ခြားအ​ကြောင်းအရာ​ပေါ်မှာ စိတ်​နှစ်​​ပေးဖို့ လိုအပ်​ပါတယ်​ ဥပမာအ​နေနဲ့နဲ့ လုပ်​ငန်းတစ်​ခု​ပေါ်မှာ အာရုံစိုက်​​ပေးတာမျိုးပါ ..ဒီနည်းလမ်းနဲ့​ရှောင်းအဆင်​မ​ပြေ​သေးဘူးဆိုရင်​တစ်​ခြားတစ်​ခုကို ကျွန်​​တော်​​ပြောင်း​ပေးလို့ရပါတယ်​"

" ဒီ​လောက်​​တော့ ​ကောလုပ်​နိုင်​မှာပါ "

ဒီတစ်​​ခေါက်​မှာ ဘာစမ်းသပ်​မှူမှ မရှိခဲ့​ပေမယ့်​ အများဆုံး​ဆွေး​နွေးခဲ့တဲ့ စကားလုံး​တွေက ရိ​ပေါ်နဲ့ပတ်​သက်​တဲ့ အ​ကြောင်းအရာ​တော်​​တော်​များများကိုပဲ ။
အဆုံးသတ်​မှာ ငယ်ငယ်​ကဖြစ်​ခဲ့တဲ့ ရယ်​စရာဟာသ​လေး​တွေပါ ထည့်​​ပြောတတ်​တဲ့ ဂျွန်​က သူ့ထက်​​တောင်​ ရင့်​ကျက်​​နေ​သေးတယ်​။

အပြင်​မှာ ရယ်​​နေ​ပေမယ့်​ စိတ်​ထဲဝမ်းနည်း​နေတာ သိ​တော့ ​ကော်​ဖီဆိုင်​ရဲ့ အပြင်​ဘက်​ကို​ရောက်​တဲ့အခါ ဂျွန်​ကဒီလို​လေး အား​ပေးစကား​ပြောလာတယ်​။

" ​ရှောင်း ဘာလို့ဒီလို​တွေလုပ်​​နေလဲဆိုတာ ကျွန်​​တော်​မသိဘူး..ဒါ​ပေမဲ့ဝမ်​ရိ​ပေါ်က ​ရှောင်းအတွက်​​တော်​​တော်​​လေးအ​ရေးကြီးတဲ့သူတစ်​​ယောက်​ဆိုတာ ခံစားလို့ရတယ်​ "

Creation With You(season 1)(Completed)Where stories live. Discover now