"ဒေါက် ဒေါက် "

"ဥက္ကဌ မမလေးရောက်ပါပြီ "

"ဝင်ခဲ့ "

ဦးသူ့ရုံးခန်းကအရင်တိုင်းပဲဖြစ်သည်။ ရိုးရိုးရှင်းရှင်းလေးနဲ့ သပ်သပ်ရပ်ရပ်။

ရာရာ့ကို တစ်ချက်သာမော့ကြည့်ပြီး အလုပ်ဖိုင်တွဲကိုသာ ဆက်ကြည့်နေသည်။

"ဥက္ကဌ မမလေးကို ဘယ်လိုရာထူးနဲ့အလုပ်လုပ်ခိုင်းရမှာလဲ "

"စားဖို‌ဆောင်ကိုလိုက်ပို့လိုက်...အဲ့မှာ သစ်သစ်လွင်က ဘာလုပ်ရမလဲဆိုတာ ပြောပြပေးလိမ့်မယ် "

"ဟုတ်ကဲ့ "

"မမလေးသွားရအောင် "

"ခဏလေး..."

ဦးသူ့စကားကြောင့် သုံးယောက်သား သူ့ရှေ့ပြန်လှည့်ရပြန်သည်။

"နောက်တစ်ခါ ဒီမိန်းမကို မမလေးလို့ခေါ်သံကြားရင် အလုပ်ထုတ်ပြစ်မယ် ကြားလား..."

"ဟုတ် "

"ဟုတ်ကဲ့ "

ကောင်းနဲ့ရတီ တုန်တုန်ယင်ယင်နဲ့ကြောက်အားလန့်အား ဟုတ်ကဲ့ကြသည်။

"ကျေးဇူးပါဥက္ကဌ ကျွန်မလည်း အဲ့လိုအခေါ်မခံချင်ဘူး "

‌ရာရာ မျက်စောင်းပါထိုးပြီး အပြင်ကို အရင်ထွက်သွားသည်။ ရတီကချက်ချင်းလိုက်သွားပေမဲ့ ကောင်းက ပြုံးစေ့စေ့နဲ့ သူ့ကို ကြည့်နေသည်။

"ဘာကြည့်တာလဲ...သွားတော့ "

"ဟုတ်ကဲ့ ဥက္ကဌ.."

‌အားလုံးထွက်သွားမှ သူ့တစ်ယာက်တည်း ပြုံးလိုက်သည်။

"နောက်ဆုံးတော့ ကိုယ့်အမိန့်ကို မငြင်းနိုင်ပါဘူး ဘေဘီ..."

~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~

သစ်သစ်လွင်- LS groupရဲ့စားဖိုဆောင်မှာ စားဖိုမှူးချုပ်ဖြစ်ပြီး အလုပ်သမားတွေကို နေရာချစီမံပေးသူဖြစ်သည်။ အသက်(၃၀)အရွယ်ဖြစ်ပြီး အမိန့်ပေးတဲ့နေရာမှာ အရမ်းတော်သူဖြစ်သည်။

စားဖိုမှူးချုပ်ဖြစ်၍ ပွဲရှိသည့်အခါတိုင်း သူမတက်ရောက်ရသည်။ ထို့ကြောင့် ရာရာကို ဦးသူ့ဇနီးမှန်းသိထားသည်။

ဦးဖန်တီးသောအချစ်သင်္ကေတ/ဦးဖန်တီးသောအချစ်သ‌င်္ကေတ (Season 2)[Completed]Where stories live. Discover now