Part 1

9.2K 372 2
                                    

*Unicode *

" ငါ ငါနင့်ကိုချစ်တယ် Jennie " ကန်တင်းမှာ အတူနေ့လည်စာစားနေတုန်း သူပြောလိုက်မိတယ်။

'သွားပြီ သူထုတ်ပြောမိလိုက်ပြီ။ သူငယ်ချင်းဆိုတဲ့စည်းကို သူကျော်မိလိုက်ပြီ'

" ဘာတွေပြောနေတာလဲ မိန်းကလေးအချင်းချင်းကို"

Jennie ရဲ့ စကားအောက်မှာ Lisa ရဲ့အိပ်မက်တွေဟာ အပိုင်းပိုင်းကျိုးပျက်လို့

" ငါနင့်ကို အလယ်တန်းလောက်ကတည်းက ချစ်မိသွားခဲ့တာ Jenရ"

"Lisa နော် အတင်းတွေ ရှေ့ဆက်တိုးနေမယ်ဆိုရင် ငါတို့သူငယ်ချင်းတွေတောင်မဖြစ်နိုင်တော့ဘဲနေမှာနော်။"

"ဒါပေမဲ့ ငါနင့်ကိုတကယ်ချစ်တာလေဟာ။ ငါ့ကိုယ်ငါသိတယ်။ ငါနင့်ကို သူငယ်ချင်းထက်ပို"

"Lalisa manoban " lisa ရဲ့စကားမဆုံးခင်ထွက်လာသော Jenရဲ့အသံပါ။

နာမည်အပြည့်အစုံကိုခေါ်လိုက်တာကြောင့်ရော၊ ဒေါသသံစွက်နေတဲ့ အသံကျယ်ကျယ်ကြောင့် အခြားဝိုင်းက ကျောင်းသားတွေပါလှမ်းကြည့်တာမို့လို့ Lisaကြောက်လည်းကြောက် ရှက်လည်းရှက်သွားတယ်။ သူရည်စားစကားပြောတာက တိုးတိုးလေးနဲ့ မဝံ့မရဲပါ။ ဒါကို Jen က စိတ်တိုသွားတယ်ထင်ပါရဲ့ အသံအကျယ်ကြီးထအော်တယ်။

" အင်းပါ ငါမပြောခဲ့ဘူးသဘောထားလိုက်၊ ငါတို့သူငယ်ချင်းဘဲဆက်လုပ်ကြတာပေါ့"

ဒီအတိုင်းလေးဘဲ အထက်တန်းကောင်မလေးရဲ့ ဆယ်ကျော်သက်ရင်ခုန်သံဟာ ပထမအကြိမ်ဖွင့်ပြောအပြီးမှာဘဲ သံသေတ္တာထဲထည့်ပြီး သော့ပိတ်ခံလိုက်ရတယ်။ သတ္တိမရှိဘူးလို့ဘဲပြောပြော Jen နဲ့ သူငယ်ချင်းတောင်ဆက်မဖြစ်နိုင်တော့မှာသူ သိပ်ကြောက်ပါတယ်။

အဲ့နေ့ ကျောင်းဆင်းချိန် မိုးတွေ အရမ်းရွာတယ်။ Lisa ဆိုတဲ့ကောင်မလေးဟာ ကျောပိုးအိတ်ထဲက မိုးကာကိုမထုတ်ခဲ့ဘူး။ ကျောင်းနဲ့အိမ်က သိပ်မဝေးတာမို့ Lisaက အိမ်ကိုအကြိုအပို့မလုပ်ခိုင်းဘဲ လမ်းလျောက်သွားနေကြလေ။ အိမ်ပြန်လမ်းတစ်လျောက်လုံး မိုးနဲ့ရောပြီးကျနေတဲ့ သူ့မျက်ရည်တွေကို ဘယ်သူမှ သတိမထားမိခဲ့ဘူး။အိမ်ရောက်တော့လည်း အမေ့ကို မိုးကာမယူသွားမိလို့လို့ အော်ပြောရင်း အခန်းထဲ အတင်းပြေးဝင်ပြီး ရေချိုးခန်းထဲ တဝကြီး ထပ်ငိုမိသေးတယ်။

Mine (U+Z) [COMPLETED] Where stories live. Discover now