❄️9❄️ (Final)

2.6K 131 7
                                    

🍁ဒီအပိုင်းလေးက Final လေးဖြစ်လို့ ရှည်ပေးထားပါတယ် သာသာဒီမှာ recommand song လေးတစ်ပုဒ်ပေးမယ်နော် Loving with all your heart ဆိုတဲ့ Ost song လေးကို အရင်ကြိုပြီး Down စေချင်ပါတယ် ဒါမှမဟုတ်လည်း တခြားအေးအေးငြိမ့်ငြိမ့်လေးနဲ့ ဖတ်ပါနော်... 2028 ကို နောက်ဆုံးအနေနဲ့ လိုက်ပါစီးမျောပေးကြပါရှင့်... 🍁

2028

❄️Part 9❄️

"ရိပေါ်ရေ...ရိပေါ်...ကောမနက်စာပြင်ပြီးပြီ လာစားတော့လေ..."

စကားပြန်မလာတဲ့ ရိပေါ်ကြောင့် ရှောင်းကျန့်ရင်ထိတ်သွားမိသည်...

အမြန်ပဲ အပေါ်ထပ်ကို တက်ပြီး အခန်းထဲဝင်ကြည့်လိုက်ပေမဲ့ တံခါးလော့ချထားတဲ့ ရေချိုးခန်း...

"ရိပေါ်...အထဲမှာဆိုရင် ကောကိုအသံလေးပေးပါဉီး..."

သို့သော် ဘာသံမှ ပြန်မလာခဲ့...

"ရိပေါ်...ရိပေါ်..."

ရှောင်းကျန့်လည်း အရမ်းစိတ်ပူသွားပြီမို့ အနားက ရှိတဲ့ ပန်းအိုးနဲ့ တံခါးလက်ကိုင်ကို ရိုက်ခွဲလိုက်သည်...ရိုက်လိုက်တဲ့ အရှိန်ကြောင့် ပန်းအိုးဟာလည်း တစစီကြေမွလို့...

ကွဲကြေသွားခဲ့တဲ့ ဖန်စတွေဟာ ရင်ထဲမှာ ပူလောင်နေတဲ့ လူတစ်ဉီးကို နာကျင်မှု မပြုနိုင်လေရော့လား...နီဆွေးနေတဲ့ သွေးတွေထွက်နေတာတောင် အမှုမထားနိုင်ပဲ တံခါးပွင့်သွားဖို့ကိုသာ အာရုံစိုက်နေခဲ့သည်...

"ရိပေါ်..."

ပွင့်သွားတဲ့ တံခါးနဲ့အတူ ရေချိုးခန်းကြမ်းပြင်မှာ လဲကျနေတဲ့ ရိပေါ်...

"ရိပေါ်...သတိထားပါဉီး ရိပေါ်....အာ့..."

ပါးစပ်မှာ ပေကျံနေတဲ့ သွေးတစ်ချို့က ရှောင်းကျန့်အတွက် ငယ်ငယ်က ကိစ္စတစ်ချို့ကို ပြန်မြင်ယောင်လာစေတာမို့ ရင်ဘက်ထဲက စူးအောင့်နာကျင်လာသည်...

"ရိပေါ်...သတိထားပါဉီး..."

ရိပေါ်ရဲ့ ကိုယ်ကိုမပြီး ကုတင်ပေါ်ရောက်အောင် မတင်ပြီး ကျိရန်ဆီသို့ ဖုန်းဆက်ရတော့သည်...

"ကျိရန်...ရိပေါ် သွေးအန်ပြီး မေ့လဲသွားလို့..."

"ဗျာ ကော...စိတ်ကိုအေးအေးထားနော်...ကျွန်တော်အခုလာခဲ့မယ်...ဆေးရုံပို့မြှဖစ်မှာမို့ အဆင်သင့်လုပ်ထားပေးနော်...ကောလည်း စိတ်ကို အထိအခိုက်မခံပါနဲ့နော်...ရိပေါ် ဘာမှမဖြစ်ပါဘူး..."

2028 (Complete)Where stories live. Discover now